တမူးမြို့နယ် နန်းကထိပ်ကျေးရွာအနီး အကြမ်း ဖက် PDF   အလောင်း လက်နက် ခဲယမ်း ဆက် စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၆

     စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ နန်းကထိပ်ကျေးရွာအနီးတွင် ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က  နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

      အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် PDF  ၇ လောင်း၊ အေကေ-၄၇  သေနတ်  ၁ လက်၊ အမ် – ၁၆ သေနတ် ၁ လက်၊ တရုတ်စက်လတ် ၁ လက်၊ HK-33 သေနတ် ၁ လက်၊ စနိုက်ဘာသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ကျည်အိမ်မျိုးစုံ ၇ ခု၊ အမ်-၁၆ ကျည် ၉၅ တောင့်၊အေကေ-၄၇ ကျည် ၂၃ တောင့်၊ ၇.၆၂ မမကျည် ၁၃၈ တောင့်၊ HK-33 ကျည် ၆၈ တောင့်တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

#PAN