ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အခြေစိုက် တပ်ရင်းဌာနချုပ်များကို အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များက သာလွန်အင်အားဖြင့် တိုက်ခိုက်ပြီး နှစ်ဖက်ထိခိုက်ကျ ဆုံးမှုနောက်ဆုံးအခြေအနေ

ဒီဇင်ဘာ ၆

      ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အခြေစိုက် ခမရ(၅၉၀)နှင့်ခမရ(၅၉၉) တို့အား ဒီဇင် ဘာလ ၂ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များက အင်အားအလွန်အကျွံအသုံးပြုကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်မြေခံတပ်များမှ စစ်သည် ၄ ဦးနှင့် ရဲမေ ၁ ဦး ကျဆုံးခဲ့သည်။

       ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် ခမရ(၅၉၀) ကို အကြမ်းဖက်သောင်းကျန်းသူ ပူး ပေါင်းအဖွဲ့များက Drop ဗုံးများနှင့်အဆက် မပြတ် ပစ်ချတိုက်ခိုက်ပြီး အင်အားအများအပြား အသုံးပြုကာ ဝင်ရောက်တိုက်ခိုက်ခြင်း တို့ကြောင့် တပ်ရင်းဌာနချုပ်မှ ခေတ္တဆုတ်ခွာပေးခဲ့သည်။ ထိုသို့ ဆုတ်ခွာလာစဉ် အရာရှိ ၁ ဦး နှင့် ရဲမေ ၅ ဦး ကျဆုံးခဲ့ပြီး ရဲမေ ၆ ဦး အဆက်သွယ်ပြတ်တောက်ခဲ့သည်။

      ယင်းနေ့ နံနက် ၄ နာရီအချိန်ခန့် မှစတင်၍ ခမရ (၅၉၀)နှင့် သံတံတား၌ လုံခြုံရေးဆောင်ရွက်နေသည့် အဖွဲ့များကို တိုက်ခိုက်နေသည့် အကြမ်း ဖက်သမားများကို လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်သည့်အတွက် KNLA တပ်မဟာ ၃ ရင်း ၉ မှ  ရင်းမှူးအဆင့်ရှိသူ အောင်ဇော်လင်း အပါအဝင် PDF အကြမ်း ဖက်သမား ၄၅ ဦး သေ ဆုံးပြီး ၁၆၃ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသည့် အောင်ဇော်လင်းကို ဒီဇင် ဘာလ ၄ ရက်နေ့တွင် ၎င်းရဲ့ ဇာတိဖြစ်သည့် တော ကြောင်ပေါက်ရွာ၌ ​ မြေမြုပ်သင်္ဂြိုလ်ခဲ့သည်။

      ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ခမရ(၅၉၉)ကို စစ်ကူလာသည့် စစ်ကြောင်း အား အကြမ်းဖက်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ် သည် ၅ ဦးကျ ၃ ဦးဒဏ်ရာရရှိခဲ့သည်။ကြားဖြတ်တိုက်ခိုက်တဲ့ အကြမ်းဖက်သောင်း ကျန်းသူများကို လေကြောင်းမှ ဗုံးကြဲ ရှင်းလင်းရာ KNLA နှင့်PDF ၅၉ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများမှာ ဗမာ PDF  ၄၀ နီးပါးဖြစ်ပြီး ၎င်း တို့အချင်း ချင်းပင် ဆက်သွယ်မှုမလုပ်တော့ကြောင်း သိရသည်။

       ယင်းနေ့ ညနေပိုင်းတွင်  မုန်းသံတံတားအနီး ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်း ၃ လောင်းနှင့် သေနတ် ၃ လက်သိမ်း ဆည်းရမိခဲ့သည်။ ဒီဇင်ဘာ ၄ ရက်နေ့တိုက်ပွဲတွင် စစ်သည် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

       ဒီဇင်ဘာ ၅ ရက်နေ့တွင် ခမရ(၅၉၀) တပ် ရင်းအတွင်းထဲသို့ ဝင်ရောက်လာသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကို စနိုက်ပါနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တို့ကြောင့် အကြမ်းဖက်သမား ၂၆ ဦး သေဆုံးပြီး ၇၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးအကြမ်းဖက်သောင်းကျန်းသူ အလောင်းများကို ပြန်မသယ်ဘဲ ဖြစ်သလို မြေမြုပ်ထားခဲ့ပြီး မုန်းမြို့မှ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

       အဆိုပါ မုန်းမြို့တိုက်ပွဲတွင် အကြမ်းဖက်သောင်း ကျန်းသူ KNLA / PDF ပူးပေါင်းအဖွဲ့မှ ရင်းမှူးအဆင့်ရှိသူ အပါအဝင် ၁၃၀ ကျော်သေဆုံးပြီး ၂၁၁ ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြကြောင်း၊ ဒဏ် ရာရရှိသူများထဲတွင် ထပ်မံ သေဆုံးမည့်သူများလည်းရှိကြောင်း သိရပါ သည်။

        တပ်မတော်ဖက်မှ အရာရှိစစ်သည်  ၁၀ ဦးကျဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲမေ ၆ ဦး ကျဆုံးပြီး ၆ ဦးအဆက်သွယ်ပြတ်တောက်လျက်ရှိကြောင်း သိရပါ သည်။

        ယနေ့တွင် မုန်းအနီးဝန်းကျင်၌ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဆုတ်ခွာသွားသော အကြမ်းဖက်သောင်းကျန်းသူများကို လေ ကြောင်းမှ လိုက်လံချေမှုန်း ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN