PDF များက ရွာသားတစ်ဦး၏ မိန်းမကိုမုဒိန်းကျင့်ပြီး ၎င်း ရွာသားကို သတ်ဖြတ်

ဒီဇင်ဘာ ၅

       ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ လင်းနေစန်းကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက ၎င်းကျေးရွာမှာနေထိုင်သော လင် မယား နှစ်ဦးကို အကြမ်းဖက် PDF များက ဖမ်း ဆီးခေါ်ဆောင်ပြီး ဇနီးဖြစ်သူ အမျိုးသမီးကို ၎င်း၏ အမျိုးသားရှေ့၌ပင် အုပ်စုဖွဲ့ မုဒိန်းကျင့်ပြပြီးနောက် အမျိုးသားဖြစ်သူကို သတ်ဖြတ်လိုက်ကြသည်ဟု ဒေသခံများက ပြောပါသည်။

       ” ကောင်လေးက မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာကပါ။ လင်းနေရွာမှာလာပြီး အိမ်ထောင်ကျနေတာ။ စစ်တပ်ကို သတင်းပေးတယ်ဆိုပြီး ဖမ်းခေါ်သွားကြတာ။ ဖမ်းခေါ်သွားပြီး ကောင်မလေးကို မုဒိန်းကျင့်ပြီးမှ ကောင်လေးကိုသတ်လိုက်တာတဲ့။ အဲဒါ သူတို့ PDF တွေထဲကပဲ ပြောပြလို့သိရတာ ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောပြခဲ့ပါသည်။

       အသတ်ခံရသူ အမျိုးသားမှာ အသက် ၂၆ နှစ်အရွယ် ကိုထွန်းလင်းအောင် ဆိုသူဖြစ်ပြီးတော့ မုဒိန်းအကျင့်ခံရသည့် ၎င်း၏ အမျိုးသမီးမှာ အသက်၂၂ အရွယ် မ…….  ဖြစ်သည်ဟု သိရပြီး လက်ရှိမှာ PDF များက အမျိုးသမီးဖြစ်သူ မ……… ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ခြင်းကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရပါသည်။

      အကြမ်းဖက် PDF များသည် ၎င်းတို့၏ ” ငါနဲ့မတူ ငါ့ရန်သူ ” ဟူသော အကြမ်းဖက်ဝါဒအရ လူ့ပတ်ဝန်း ကျင်၊ လူ့ယဥ်ကျေးမှုနှင့် ဆန့်ကျင်ပြီး မင်းမဲ့စရိုက်ဆန်သော ယခုကဲ့သို့ အကြမ်းဖက်မှုများကို ကျူးလွန်နေကြသည်မှာ ပြည်သူအများစု ကမနှစ်မြို့ကြဘဲ နီးရာဓားကြောင်နေကြရကြောင်း အဆိုပါ ဒေသခံပြည်သူများက ဆိုပါသည်။

#PAN