အိန္ဒိယနိုင်ငံ အကြိုရွေးကောက်ပွဲ၌ ဘရာတီယာဂျနာတာပါတီ အဓိကမဲဆန္ဒနယ်သုံးခုတွင် အနိုင်ရ

ဒီဇင်ဘာ ၅

      အိန္ဒိယနိုင်ငံ၏ အကြိုရွေးကောက်ပွဲတွင်လက်ရှိအာဏာရ ဘရာတီယာဂျနာတာပါတီ (BJP)က နိုင်ငံ ၏ အဓိကမဲဆန္ဒနယ် သုံးခုတွင် အနိုင်ရရှိခဲ့သည်။ ယခုကဲ့သို့ အနိုင်ရရှိခြင်းသည် ဝန်ကြီးချုပ်မိုဒီ တတိယအကြိမ် ရာထူးသက်တမ်းအတွက် အနိုင်ရရှိရန် ရှေ့ဆောင်လမ်းပြသည့်ပမာ ဖြစ်ခဲ့သည်။

      ဟိန္ဒူ အမျိုးသားရေးပါတီဖြစ်သည့် ဘရာတီယာဂျနာတာပါတီသည် ၎င်း၏ အဓိကအတိုက် အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီအား နိုင်ငံအနောက်ပိုင်း ရာဂျာစသန်ပြည်နယ် မဒရာပရာဒေ့ရှ်နှင့် ချာတီစဂတ်ပြည်နယ်တို့တွင် မဲအများစုရရှိကာအနိုင်ရရှိခဲ့သည်။ အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုး တက်မှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ကို စွမ်း အားအဖြစ်ရယူကာ ၎င်း၏ပါတီသည်လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဖြစ်ကြောင်း
ဝန်ကြီးချုပ်မိုဒီက ဘရာတီယာဂျနာတာပါတီဌာနချုပ်တွင် ပြောကြားသည်။ ယခုပဏာမရရှိခဲ့သည့် ရွေး ကောက်ပွဲရလဒ်သည် နိုင်ငံဖွံ့ဖြိုးတိုး တက်မှုကိုဖော်ပြသည့် အတိုင်းအတာတစ်ခုဖြစ် ခဲ့ပြီး မိမိတို့ပါတီက အိန္ဒိယနိုင်ငံအပေါ် ကမ္ဘာတစ် ဝန်း၏ ယုံကြည်မှုကိုဆောင်ယူလာမည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

      ပဏာမရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သော် လည်း BJP ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကွန်ဂရက်ခေါင်းဆောင်ရာဟောဂန္ဒီက ပြောကြားခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲကို လာမည့် မေလတွင် ကျင်းပရန် စီစဉ်ထားသည်။

#PAN