သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လုံခြုံရေးဂိတ်ကို အကြမ်း ဖက်အဖွဲ့မှ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်

ဒီဇင်ဘာ ၅

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲဝင်ကရာကျေးရွာအုပ်စု၊ သက္ကော ကျေးရွာ(ဘုရားသုံးဆူ)လမ်းဆုံရှိ လုံခြုံရေးဂိတ်အား အကြမ်းဖက် KNLA အဖွဲ့မှ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက် ခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက် KNLA တပ်မဟာ(၆)၊ ရင်း(၂၇)မှ ခေါင်းဆောင်စိစစ်ဆဲ အင်အား ၁၀ ဦးခန့်တို့သည် သံဖြူဇရပ်မြို့နယ်၊ သက္ကောကျေးရွာအနီးနေရာမှ Drop Bomb  ၃ လုံးချ တိုက်ခိုက်ခဲ့ရာ  အဆိုပါ ဗုံးသီးများသည် စခန်း၏ အနောက် တောင်ဘက်ရှိ ရာဘာခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ရန်သူရှိရာနေရာသို့ အမှတ် (၄)တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရှင်းလင်းလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက  နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

PAN