ဒီဇင်ဘာ ၅ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံ ကျေးရွာရှိ ဦးလင်းမောင်၏ နေအိမ်၌ ဒီဇင်ဘာ ၄ ရက်တွင် မင်္ဂလာ ဆောင်ပွဲပြုလုပ်နေစဉ် မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူသတ်အကြမ်းဖက် PDF သမားများက ၎င်းကျေးရွာ၏ တောင်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ ကျောက်မြင့် ကျေးရွာဘက်မှ နေ၍ Drone များအသုံးပြုကာ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ရာ မင်္ဂလာဆောင်သို့ ရောက်နေသည့် အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသမီး ၂ ဦးသေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် စုစုပေါင်း ၁၃ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ လူသတ်အကြမ်းဖက် PDF သမားများ၏ လူမဆန်သော လုပ်ရပ်များကို ဒေသခံပြည်သူများအနေဖြင့် လွန်စွာမုန်းတီး ရွံ့ရှာလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့် မြို့နယ်များအတွင်း စစ်ရေး ပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သား ပြည်သူများသွားလာရာ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး ခြင်း၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး၊ Drop Bomp များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ် များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။