လူမှုကွန်ယက်စာမျက်နှာများ၌ အချက်အလက် တိကျခိုင်မာမှုမရှိသည့် သတင်းတု၊ သတင်းအမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိ

ဒီဇင်ဘာ ၅

      စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ ကလေး- တမူး လမ်းမပေါ်ရှိ ထန်းတပင်ကျေးရွာကို ဒီဇင်ဘာ ၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့်  ရခိုင် ပြည်နယ်၊ ပုဏ္ဏကျွန်းမြို့ရှိကျေးရွာ ၂ ရွာကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းစသည်ဖြင့် အချက် အလက် တိကျခိုင်မာခြင်းမရှိသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ယက်စာမျက်နှာများ၌ ဖြန့်ဝေရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများအား ဆက်သွယ်မေးမြန်းချက်များအရ အဆိုပါ ကျေးရွာများနှင့် အနီးတစ်ဝိုက် ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာမှု မရှိကြောင်းသိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် ဒေသခံပြည်သူ များ ကြောက်ရွံ့ထိတ်လန့်လာစေရန်၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အားကိုးယုံကြည်မှု နည်းပါးလာစေရန် အတွက်ယခုကဲ့သို့ အချေအမြစ်မရှိသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်ပေါ်တွင် ရည်ရွယ် ချက်ရှိရှိဖြင့် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။

#PAN