မြဝတီမြို့နယ်ရှိ ဦးသန်းနိုင်၏ နေအိမ်အား အကြမ်းဖက် ဥပဒေတိုက်ဖျက်ရေး ပုဒ်မ ၅၀(ည) အမှုဖြင့်ချိတ်ပိတ် သိမ်းဆည်းခဲ့

ဒီဇင်ဘာ ၅

ယနေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မြဝတီမြို့ ၊ အမှတ် (၄)ရပ်ကွက်၊ စစ်မှုထမ်းဟောင်းလမ်းနေ ဦးသန်းနိုင်(ခ)ကိုနိုင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းမွှေး တို့ ပိုင်ဆိုင်သည့် နေအိမ်အား ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်းသိရှိရပါသည်။

ဦးသန်းနိုင်(ခ)ကိုနိုင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သင်းသင်းမွှေး တို့ ပိုင်ဆိုင်သည့် နေအိမ်အား မြဝတီမြို့နယ်၊ ရဲတပ်ဖွဲ့မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ နှင့် အတူ တာဝန်ရှိသူများဖြင့် မြဝတီမြို့မ ရဲစခန်း၏ ပ/ ၂၈၆ /၂၀၂၃ ၊ အကြမ်းဖက် ဥပဒေတိုက်ဖျက်ရေး ပုဒ်မ ၅၀(ည) အမှုဖြင့်​ ချိတ်ပိတ်သိမ်းဆည်းခဲ့ ကြောင်းသတင်း ရရှိပါ
သည်။