ပရီးမီးယားလိဂ်က ၂၀၂၅-၂၆ ရာသီမှ ၂၀၂၈ – ၂၉ ရာသီအထိ ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့်များကို ပေါင် ၆ ဒသမ ၇ ဘီလီယံဖြင့် ရောင်းချနိုင်ခဲ့ဟု အတည်ပြု

ဒီဇင်ဘာ ၅

      ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ၂၀၂၅-၂၆ ရာသီမှ ၂၀၂၈-၂၉ ရာသီအထိ ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့် များကို ပေါင် ၆ ဒသမ ၇ ဘီလီယံနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၄ ရက်က အတည်ပြုထုတ် ပြန်ကြေညာ ခဲ့ပါတယ်။

       အဆိုပါ ရောင်းချမှုအရ ဗြိတိန်နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်အများစုကို Sky Sports ရုပ်သံက ထုတ်လွှင့် ပြသခွင့်ရရှိမှာဖြစ်ပြီး တစ်ရာသီကို အနည်း ဆုံး ၂၁၅ ပွဲ ပြသခွင့်ရရှိမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ပြသခွင့်ကို Package ၅ ခု ခွဲခြားရောင်းချခဲ့ရာ Sky Sports က Package ၄ မျိုး အထိ ဝယ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

       ဒါကြောင့် Sky Sports ရုပ်သံဟာ ယခင်ကထက် တစ်ရာသီကို ပရီးမီးယားလိဂ်ပွဲစဉ် ၁၀၀ အထိ ပိုမိုထုတ်လွှင့် ပြသခွင့်ရရှိမှာဖြစ်ပြီး အခြားသောရုပ်သံဌာနများထက် တစ်ပတ်ကို အနည်း ဆုံး ၄ ပွဲ ပိုမိုပြသခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စာချုပ်သစ်အရ Sky Sports သည် ပရိသတ်စိတ်အဝင်စားဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ရာသီ ပိတ်နောက်ဆုံးပွဲစဉ် ၃၈ မှ ၁၀ ပွဲစလုံးကို ပထမဆုံးအကြိမ်အဖြစ် ထုတ်လွှင့်ပြသခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN