ထီးချိုင့်မြို့နယ်၌ လူသတ်အကြမ်းဖက် PDF အဖွဲ့များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျောက် စေတီဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင် နေထိုင်သည့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဒီဇင်ဘာ ၅

        ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးစထိမှန် ဒဏ်ရာရရှိထားသည့် ကလေးငယ်တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ အမှတ် (၂) ဈေးကုန်းရပ်ကွက် နေ မောင်ဝေယံမိုး ၁၁ နှစ်အား ယာပေါင်၌ ဗုံးသီးစထိမှန် ဒဏ်ရာတစ်ချက်ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ် အား စိစစ်ခဲ့ရာ ၎င်းသည် ထီးချိုင့်မြို့အား လူသတ်အကြမ်းဖက်  PDF/ KIA  အဖွဲ့များက လာရောက်ပစ်ခတ်တိုက် ခိုက်လျက်ရှိသဖြင့် အမှတ်(၂)ဈေးကုန်း ရပ်ကွက်ရှိ ကျောက်စေတီဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင်နေထိုင်လျက်ရှိစဉ် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် လူသတ်အကြမ်းဖက်  PDF/ KIA  အဖွဲ့များ ပစ်ခတ်ခဲ့သည့် ဗုံးသီး ၁ လုံး ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိအောင် ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်လုံခြုံရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူ များနှင့် လူသတ်အကြမ်းဖက်  PDF/ KIA  အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများ သွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှု လုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။