တရားရုံးသို့ ရုံးချိန်းလာသည့် လင်မယားနှစ်ဦးကို လူသတ် အကြမ်းဖက် PDF နှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်

ဒီဇင်ဘာ ၅
ယမန်နေ့ နေ့လည်ပိုင်း အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ၊ ကော့ဗမာကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာမှ ဘုတ်ပြင်းမြို့နယ် တရားရုံးသို့ ရုံးချိန်းလာသည့် လင်မယား ၂ ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

ဖြ​စ်စဥ်မှာ အေးမြသာယာကျေးရွာနေ ဦးခင်ဦး၊ ဒေါ်စန်းကြူ တို့ လင်မယား ၂ ဦးသည် နေ့လည်ပိုင်းတွင် အေးမြသာယာ ကျေးရွာမှ ဘုတ်ပြင်းမြို့နယ် တရားရုံးရုံးချိန်း သို့ FENO နီး/နက်ဆိုင်ကယ်ဖြင့် ထွက်ခွာလာရာ ဟန်ကပြုကျေးရွာ တောင် ဒဂုံဆီအုန်းလမ်း ခမ(အမ်အင်န် ၇၆၂၁၉၆)အရောက်တွင် ဆိုင်ကယ်နောက်မှ ကပ်လိုက်လာသည့် အကြမ်းဖက်သမား (စုံစမ်း ဆဲ) ၂ ဦးမှ ဆီအုန်းလမ်းကြားအတွင်း ခေါ်ဆောင်ကာ စိစစ်ဆဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းတို့ ၂ ဦးတွင် စိုးရိမ်ရ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်းခဲ့ကြောင်း သိရသည်။

ထို့နောက် သေနတ်ထိမှန်ဒဏ်ရာ ရရှိသူ လူနာ ၂ ဦးအား ကရသူရိတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် မြိတ်မြို့ အမှတ်(၅/၁၀၀)စစ်ဆေးရုံသို့ နေ့လည်ပိုင်းတွင် ဆက်လက် ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

PAN