စစ်ပွဲပြန်လည် စတင်ခြင်းနှင့် အမေရိကန်က အစ္စရေးသို့ ဂါဇာစစ်ပွဲအတွက် ဘန်ကာဖျက်ဗုံး ထောင်ချီ ပေးပို့ရန် ရှိခြင်း အပါအဝင်အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲ ၅၉ ရက်မြောက်နေ့ နောက်ဆုံးရ ဆက်စပ်သတင်းများ

ဒီဇင်ဘာ ၅

      အစ္စရေး – ဟားမတ်စ်စစ်ပွဲကာလ ၅၉ ရက်သို့
ရောက်ရှိလာခဲ့ပြီး အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်၍
တိုက်ပွဲများစတင်ကာ ဂါဇာကမ်းမြှောင်ဒေသ တောင်
ပိုင်းသို့ပါ တိုက်ခိုက်လျှက်ရှိရာ အစ္စရေးဖက်မှ
၁,၄၀၀ ဦး သေဆုံး၊ ဒဏ်ရာရ ၉,၀၄၇ ဦး၊ ဓါးစာခံ
အဖြစ် ၁၃၇ ဦး ဖမ်းဆီးခံထားရပြီး၊ စစ်သည် ၄၀၁
ဦး သေဆုံးကြောင်း ထုတ်ပြန်ထားပါသည်။ Al
Jazeera သတင်းဌာန၏ ဖော်ပြချက်အရ ပါလက်စတိုင်းဖက်မှ ၁၅,၈၉၉ ဦး သေဆုံး၍ အမျိုးသမီးနှင့် ကလေးငယ်များ ၇၀ % အပါအဝင် ဒဏ်ရာရ ၄၂,၀၀၀ ဦး ဖြစ်ကြောင်း၊ နေ့စဉ်နှင့်အမျှ သေဆုံး၊ဒဏ်ရာရမှုများရှိနေကြောင်း သိရပါသည်။

၅၉ ရက်မြောက်နေ့ ထူးခြားသတင်းများ

■   ဒီဇင်ဘာ ၄ ရက်နေ့တွင် လက်ဘနွန် နယ်စပ်ဖက် Shtula Yiftahl Har Dav I Misgav Am şc Matat မြို့များသို့ လက်ဘနွန်ဖက်မှ လည်းကောင်း၊ ဂါဇာကမ်းမြှောင်ဒေသမှ ဟားမတ်စ်တို့က Kerem Shalom Nir-Um Ivim ‘ Tkuma Yoshivia Beit HaGdi | Nir Oz Ein HaShlosha | Nirim Magshimim i Hemedi Ramat Gani Kiryat Ono i Savyon | Yehud-Monosson | Pri Gan Sufa Nir Itzhak i Ganei Tikva 1 Petach
Tikva | Maas I Gat Rimon Givat HaShlosha
| Shtula Matati Megan Mavki’m မြို့များနှင့် နယ်စပ်မြို့ Sderot ၊ Nir Arm ၊ Ashkelon နှင့် Gaza boder area များသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

■   ဂါဇာကမ်းမြှောင်ဒေသသို့ ပြီးခဲ့သည့် အပတ်
ရောက်ရှိလာမှုကို ပို့ဆောင်ရာတွင် အောက်ဆီဂျင်
၄၉ တန်၊ နှလုံးခုန်စက်များ၊ လျှပ်စစ်ခွဲစိတ်ကိရိယာ
များ၊ အရေးကြီးသော အချက်ပြကိရိယာများ၊စောင့်
ကြည့်ရေး မော်နီတာများနှင့် လျှပ်စစ်ထမ်းစင်များ
ပါဝင်ကြောင်း သိရပြီး၊ စပိန်နိုင်ငံမှ ပါလက်စတိုင်း
ဒဏ်ရာရသူများကို ကုသပေးနေသည့် အီဂျစ်ဆေးရုံ
များသို့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းခဲ့
ကြောင်း သိရသည်။

■   ဂါဇာကမ်းမြှောင်ဒေသတွင် IDF မှ စစ်ဆင်ရေး
များ ဆက်လက်လုပ်ဆောင်လျှက်ရှိရာ ဟားမတ်စ်
အကြမ်းဖက်ပစ်မှတ် ၂ဝဝ ခန့်ကို လေကြောင်းမှ
တိုက်ခိုက်ခဲ့သလို IDF မြေပြင်တပ်များကလည်း ဂါ
ဇာကမ်းမြှောင်ဒေသ Beit Hanoun မြို့ရှိ စာသင်
ကျောင်းတစ်ခုအတွင်းရှိ အကြမ်းဖက် အဆောက်
အအုံများကို တိုက်ခိုက်ခဲ့ပြီး ခြံဝင်းအတွင်းမှ ဖောက်
ခွဲရေးပစ္စည်းများနှင့် နောက်ထပ်လက်နက်များ အပါ
အဝင် ဥမင်လိုဏ်ခေါင်းပေါက်နှစ်ခုကို သိမ်းပိုက်ခဲ့သည်။ ထို့အပြင် IDF တိုက်လေယာဉ်တစ်စင်းမှ
ဒုံးကျည်များ၊ မော်တာကျည်များ၊ လက်နက်များ
သယ်ဆောင်လာသည့် ယာဉ်များကို တိုက်ခိုက်ခဲ့ပြီး၊
နောက်ထပ် IDF လေယာဉ်တစ်စင်းသည် တပ်ဖွဲ့ဝင်
များအား တင့်ဖျက်ဒုံးကျည်များဖြင့် ချုံခိုတိုက်ခိုက်
နေသည့် စစ်ဘက်ဆိုင်ရာပစ်မှတ် အဆောက်အအုံ
များကို ချေမှုန်းခဲ့ကြောင်း သိရသည်။

■   IDF တပ်ဖွဲ့များသည် အကြမ်းဖက်သမားများ၏
စခန်းနှင့် လက်နက်တိုက်နေရာကို လေကြောင်းပစ်မှတ် ညွှန်ပြကာ တိုက်လေယာဉ်ဖြင့် ချေမှုန်းခဲ့ပြီး၊
အစ္စရေးရေတပ်မှလည်း ဟားမတ်စ် အကြမ်းဖက်
ပစ်မှတ် အများအပြားကို ညတွင်းချင်း တိုက်ခိုက်၍
မြေပြင်တပ်များကို အားဖြည့်ကူညီခဲ့ရာ ဟားမတ်စ်
အကြမ်းဖက် ပစ်မှတ်များတွင် ဟားမတ်စ် ရေတပ်
တပ်ဖွဲ့ဝင်များ ပိုင်ဆိုင်သည့် စောင့်ကြည့်ရေး စခန်း
များနှင့် ဂါဇာ ဆိပ်ကမ်းတွင် အကြမ်းဖက် အခြေခံ
အဆောက်အအုံများ ပါဝင်ကြောင်း၊ တပ်ဖွဲ့ဝင်များ
မှ တိကျသောလက်နက်ခဲယမ်းများသုံး၍ ဟားမတ်
စ် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ချေမှုန်းခဲ့ကြောင်း
သိရသည်။

■   IDF နှင့် ISA တို့သည် ဟားမတ်စ် Shati ရင်းမှူး
Haitham Khuwajari ကို လေကြောင်းမှတိုက်ခိုက်
သတ်ဖြတ်နိုင်ခဲ့ပြီး၊ ၎င်း၏ ကွပ်ကဲမှုအောက်ရှိ ဟားမတ်စ် အကြမ်းဖက်သမားများသည် အစ္စရေးနိုင်ငံ
တောင်ပိုင်းတွင် အောက်တိုဘာ ၇ ရက်က အစ္စရေး
ပိုင်နက်အတွင်းသို့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့
ကြောင်း၊ Khuwajari သည် Shifa ဆေးရုံရှိ ဟားမ
တ်စ် အကြမ်းဖက်လှုပ်ရှားမှု တာဝန်ခံဖြစ်ပြီး Shati
ဒေသရှိ IDF စစ်သားများကို တိုက်ခိုက်နေသည့် ဟား
မတ်စ်တပ်ဖွဲ့များကို ကွပ်ကဲခဲ့သူ ဖြစ်ကြောင်းနှင့်
အစ္စရေးတို့အပေါ် မြောက်များလှစွာသော အကြမ်း
ဖက် လုပ်ရပ်များကို ကျူးလွန်မှုတွင်လည်း တာဝန်ရှိ
သူဖြစ်ကြောင်း သိရသည်။

■   လက်ဘနွန်ဖက်မှ ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင်
Shtula ဒေသရှိ IDF စခန်းများဆီသို့ မော်တာကျည်
အများအပြားဖြင့် ပစ်ခတ်ခဲ့ရာ IDF တပ်ဖွဲ့ဝင် ၃ ဦး
ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ဒီဇင်ဘာ ၄ ရက်နေ့၊ နံနက်ပိုင်း လက်ဘနွန်ဖက်မှ Yiftah ဒေသရှိ IDF စခန်းတစ်ခုဆီသို့ မော်တာကျည် အများအပြားပစ်ခတ် ခဲ့ပြီး IDF အမြောက်တပ်က ပစ်ခတ်သည့်နေရာများသို့ တုံ့ပြန်ပစ်ခတ်ခဲ့သည်။ နေ့လည် ၁၂ နာရီ၊ဝန်းကျင်ခန့်တွင် လက်ဘနွန်ဖက်မှ အစ္စရေး မြောက်ပိုင်းရှိ Har Dov နှင့် Misgav Am ဧရိယာ ဆီသို့ ပစ်ခတ်မှုများမှာ ကွင်းပြင်များတွင် ကျရောက်ခဲ့ပြီး ပစ်ခတ်သည့် နေရာများသို့ IDF မှတို့ ပြန်ပစ်ခတ်ခဲ့ပါသည်။ ထို့အပြင် မွန်းလွဲပိုင်း ၂ နာရီခွဲအချိန်ခန့်တွင် အစ္စရေးမြောက်ပိုင်းရှိ Matat နှင့် Shtula ဧရိယာများဆီသို့ ဒုံးကျည်ပစ်ခတ်မှုများရှိခဲ့ရာ ကွင်းပြင်များတွင် ကျရောက်ခဲ့ကာ လက်ဘနွန်ဖက်အတွင်း ပစ်ခတ်သည့်နေရာများကို IDF က တုံ့ပြန်ပစ်ခတ်ခဲ့သည်။

Kaplan ဆေးဘက်ဆိုင်ရာဌာနတွင် မီးလောင်မှု
ဖြစ်ပွားပြီး လူနာသေဆုံးခဲ့

■   ဒီဇင်ဘာ ၃ ရက်၊တနင်္ဂနွေညက Kaplan ဆေး
ဘက်ဆိုင်ရာဌာန မီးလောင်မှုအတွင်း သက်ကြီးလူနာ
တစ်ဦး သေဆုံးခဲ့ဟု Israel Fire and Rescue
Services မှ ပြောကြားခဲ့သည်။ Kaplan ဆေးဘက်ဆိုင်ရာစင်တာရှိ Internal Medicine D ဌာနတွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်သမားများသည်
အဆောက်အဦအတွင်း လေဝင်လေထွက်ကောင်းစေ
ရန်နှင့် မီးမပြန့်ပွားစေရန် ကြိုးပမ်းဆောင်ရွက်လျှက်
ရှိကြောင်း ဂျေရုဆလင်ပို့စ်သတင်းအရ သိရသည်။

ICRC ကြက်ခြေနီ ဥက္ကဌ ဓားစာခံများ ဆေးကုသမှု
ခံယူနိုင်စေရန် ဂါဇာသို့ သွားရောက်


■     အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ
(ICRC) ဥက္ကဋ္ဌ Mirjana Spoljaric Egger သည်
ဟားမတ်စ်အဖွဲ့၏ ဓားစာခံများကို ဆေးကုသမှုခံယူ
မှုအား ကြည့်ရှုစစ်ဆေးရန် ကြိုးပမ်းမှု တစ်စိတ်
တစ်ပိုင်းအနေဖြင့် ဂါဇာကမ်းမြှောင်သို့ ဒီဇင်ဘာ ၄
ရက်၊ တနင်္လာနေ့တွင် သွားရောက်ရန် စီစဉ်ထား
ကြောင်း ဂျေရုဆလင်ပို့စ်သတင်းအရ သိရသည်။

နိုင်ငံခြားရေးဝန်ကြီး Cohen သည် OECD အကြီး အကဲနှင့်တွေ့ဆုံ၍ အစ္စရေး စီးပွားရေးသည် တောင့် တင်းခိုင်မာလျှက်ရှိသည်ဟု ပြောကြားခြင်း

■     နိုင်ငံခြားရေးဝန်ကြီး EI Cohen သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ (OECD) Organisation for Economic Co-
operation and Development အကြီးအကဲ
Mathias Cormann နှင့် တွေ့ဆုံ၍ အစ္စရေး၏ စီးပွား ရေးသည် တောင့်တင်းခိုင်မာလျှက် ရှိပြီး ဟားမတ်စ် နှင့် ဖြစ်ပွားလျှက်ရှိသော စစ်ပွဲလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ စစ်ပွဲသည် စီးပွားရေးကို အဓိက ထိခိုက်နိုင်လိမ့်မည်မဟုတ်ပဲ အစ္စရေးသည် စစ်ပွဲ ပြီးသွားသည့်အခါ တိုးတက်လာသော ကာလတစ်ခုကို တွေ့မြင်ရလိမ့်မည်ဟု Cohen မှ ပြောကြားကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ OECD အကြီးအကဲ Cormann မှ အစ္စရေး စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ပြောကြားကြောင်း၊ ယခင်အပတ်က OECD အစ္စရေးအတွက် GDP ခန့်မှန်းချက်မှာ ၂၀၂၃ ခုနှစ်ဇွန်လ၌ ခန့်မှန်းခဲ့သည့် ၂.၉ ရာခိုင်နှုန်းမှ ၂.၃ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၃.၃ ရာ ခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းသို့ လျော့ကျခန့်မှန်းထားခဲ့ပြီး စစ်ပွဲသည် အစ္စရေး စီးပွားရေးအပေါ် “ထူးခြားထိခိုက်မှု” ရှိသည်ဟု ပြောကြားထားကြောင်း Time of Israel
သတင်းအရ သိရှိရသည်။

အမေရိကန်သည် အစ္စရေးသို့ ဂါဇာစစ်ပွဲအတွက်
ဘန်ကာဖျက်ဗုံး ထောင်ချီ ပေးပို့ရန် ရှိခြင်း

■     အမေရိကန်သည် အစ္စရေးသို့ တစ်တန် “ဘန်
ကာဖျက်ဗုံး” အလုံး ၁၀၀ ပေးအပ်သွားမည်ဖြစ်ပြီး
ပေါင် ၂,၀၀၀ ရှိသည့် BLU-109 ဘန်ကာဖျက်ဗုံး
၁၀၀ နှင့် အမြောက်ကျည်ဆန် ၅၇,၀၀၀ ခန့် အပါ
အဝင် ဗုံးသီး ၁၅,၀၀၀ ဝန်းကျင်တို့ကို အစ္စရေးသို့
ပေးအပ်သွားမည်ဖြစ်ကြောင်း၊ Biden အစိုးရသည်
အစ္စရေးသို့ အမေရိကန်ဒေါ်လာ သန်းပေါင်း ရာချီ
တန်ဖိုးရှိ လက်နက်များကို ထောက်ပံ့ရန် ဆက်လက်
လုပ်ဆောင်နေသကဲ့သို့ သတိကြီးစွာဖြင့် သံတမန်
လမ်းကြောင်းကိုလည်း ဆောင်ရွက်လျှက် ရှိပြီး
အရပ်သား သေကျေပျက်ဆီးမှု လွန်ကဲခြင်းကို
အကောင်းဆုံး ရှောင်ရှားဆောင်ရွက်ရန် တိုက်တွန်း
ထားကြောင်း၊ အမေရိကန်သည် အစ္စရေးသို့ Mk82
“dumb” bombs ၅,၀၀၀ ကျော်(ပဲ့ထိန်း စနစ်မပါ)၊
ပေါင် ၂ဝဝဝ Mk84 warhead bombs ၅,၄၀၀
ကျော်၊ GBU-39 small diameter (ပဲ့ထိန်းစနစ်
တပ်) ဗုံး ၁၀၀၀ ခန့်နှင့် ပဲ့ထိန်းဒုံးကျည် ( Joint
Direct Attack Munition (JDAM ) အစုံ ၃,ဝဝဝ
စစ်လက်နက်ပစ္စည်းများကို ထောက်ပံ့ခဲ့ကြောင်း၊ ပဲ့
ထိန်းဒုံးကျည် (JDAM) သည် ကွန်ကရစ် ဆောက်အုံများကို ဖျက်ဆီးနိုင်ကြောင်း၊ BLU-109 ဘန်ကာဖျက်ဗုံးသည် ကွန်ကရစ်ဘန်ကာများကို ထိုးဖောက် ဖျက်စီးနိုင်ရန် ရည်ရွယ်ကြောင်း Wall Street Journal သတင်းဌာနမှ ဒီ ၂ ရက်နေ့၌ ဖော်ပြခဲ့သည်။

ဂါဇာတွင် အလုံးစုံ အပစ်အခတ် မရပ်စဲလျှင် ဓားစာ
ခံများ ပြန်လွှတ်မည်မဟုတ်ဟု ဟားမတ်စ်မှ ပြော
ကြားခြင်း

■    ဟားမတ်စ်အဖွဲ့၏ Izz ad-Din al-Qassam
တပ်ရင်း အကြီးတန်းခေါင်းဆောင်နှင့် တည်ထောင်
ရာတွင် ပါဝင်သည့် အဖွဲ့ဝင် Saleh al-Arouri မှ
အလုံးစုံ အပစ်အခတ်ရပ်စဲရေး ပြီးစီးအောင် ဆောင်
ရွက်ပြီးမှသာ ဓားစာခံနှင့် အကျဉ်းသားများ လဲလှယ်
ခြင်းကို ဆောင်ရွက်မည်ဟု ပြောကြားကြောင်း၊ ဒီ ၂
ရက်၊ စနေနေ့က Al-Jazeera နှင့် တွေ့ဆုံမေးမြန်း
ခန်းတွင်Arouri ၏ အာရဗီလို ပြောကြားချက်ကို
Middle East Media and Research Institute
(MEMRI) မှ ဘာသာပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊
“ဟားမတ်အဖွဲ့၏ တရားဝင်နှင့် နောက်ဆုံး ရပ်တည်
ချက်သည် တိုက်ခိုက်မှုများ မပြီးဆုံးမီ အကျဉ်းသား
လဲလှယ်ခြင်း လုံးဝမရှိတော့ပဲ လုံးဝ အပစ်အခတ်
ရပ်စဲမှသာ လဲလှယ်ခြင်းကို ဆောင်ရွက်မည်”ဟု Al-
Arouri က ပြောကြားကြောင်း၊ ကာတာနိုင်ငံပိုင်
သတင်းဌာနမှ ထပ်မံဖော်ပြရာတွင် Al-Arouri သည်
အကြမ်းဖက်သမားများ၏ သေဆုံးသွားသော ရုပ်
အလောင်းများနှင့် အစ္စရေး ကျဆုံးစစ်သားများ၏
ရုပ်အလောင်းများကို လဲလှယ်ရန် အသင့်ရှိကြောင်း
Jerusalem Post သတင်းအရ သိရှိရသည်။

ဘာလင်မှ ဂါဇာပြည်သူများကို လက်တွေ့ကျသော
ကာကွယ်မှုပေးဖို့ အာမခံပေးရန် အစ္စရေးအား
တိုက်တွန်းခဲ့ခြင်း

■    အစ္စရေးတို့အနေဖြင့် ဟားမတ်စ်တို့နှင့် ဂါဇာ
တောင်ပိုင်း မြေပြင်ထိုးစစ် ဆင်နွှဲနေချိန်တွင် ဂျာမနီ
အနေဖြင့် ဂါဇာဒေသရှိ အရပ်သားများကို လက်တွေ့
ကျကျ ကာကွယ်မှုပေးနိုင်ရေး အာမခံချက်ပေးရန်
အစ္စရေးတို့အား တိုက်တွန်းပြောကြားခဲ့ပြီး “အစ္စရေး
မှ ကျွန်ုပ်တို့ မျှော်မှန်းထားသည့် တစ်စုံတစ်ခုသည်
အရပ်သားများကို အန္တရာယ်ဇုံမှ ထွက်ခွာရန် တိုက်
တွန်းမှုသာမက စိတ်ချရသော ဗုံးခိုကျင်းများ ရှာတွေ့
နိုင်သည့် လက်တွေ့ကျကျ အခြားနေရာနှင့် အခြေ
အနေတစ်ခုတွင် ရှိနေစေရန် တိုက်တွန်းရမည်ဖြစ်
ကြောင်း၊ ယခုစစ်ပွဲတွင် အပြစ်မဲ့ အရပ်သား အတော်
များများ သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ဂျာမနီနိုင်ငံခြား
ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sebastian
Fischer မှ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြော
ကြားခဲ့ကြောင်း ဒီ ၄ ရက်နေ့ The Times of Israel
သတင်းဌာနမှသိရှိရသည်။

    လက်ရှိစစ်ပွဲမှာ အစ္စရေးကို ဇက်ကြိုးတုံ့နိုင်မည့်
ပုံမရှိပဲ ပေါင် ၂,၀၀၀ ဘန်ကာဖျက်ဗုံးများဖြင့် ဂါဇာ
ဒေသရှိ ဟားမတ်စ်တို့၏ မြေအောက်လှိုဏ်ဂူများကို
ဖြိုဖျက်၍ ဟားမတ်စ်တို့ နေရာတွင် ၎င်းတို့အလိုကျ
လိုက်နာ နေထိုင်မည့်အဖွဲ့သို့ လွှဲအပ်ပေးနိုင်သည်
အထိ ဂါဇာကမ်းမြှောင်ဒေသကို ထိမ်းချုပ်နိုင်ရေး
ဆောင်ရွက်လျှက်ရှိသည်။

#PAN