လူသတ်အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက် မှုလုပ်ရပ်များ လုပ်ဆောင်


ဒီဇင်ဘာ ၄
ဒီဇင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ မိုင်းစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသား တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ သလုံးကျေးရွာနေ ဦးထွန်းဦး ၅၈ နှစ်အား ဝဲပေါင်၊ ယာခြေသလုံးတို့၌ မိုင်းစထိမှန် ဒဏ်ရာများ ရရှိထားသည် ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နံနက် ၈ နာရီတွင် သီးလုံးကျေးရွာ၏ အနောက်ဘက်ရှိ ၎င်းပိုင်ယာခင်း သို့လမ်းလျောက်သွားစဉ် လူသတ်အကြမ်းဖက် PDF အဖွဲ့များ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အလားတူ ည ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက် ကံဘဲ့လမ်းရှိ ရန်ကင်းကလေး ဆေးရုံကြီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကလေးဆေး ရုံကြီးအပြင်ဘက် ဝဲဘက်ထောင့် ကံဘဲ့လမ်း ဘေး၌ လက်လုပ်ဗုံးနှစ်လုံး ပေါက်ကွဲထားသည်ကိုတွေ့ရှိရပြီး ပေါက်ကွဲမှု ကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ရန်ကင်းကလေးဆေးရုံကြီးအား မော်တော်ယာဉ်(စိစစ်ဆဲ)ပေါ်မှ အကြမ်းဖက်သမားများက လက်လုပ်ဗုံးထည့်ထားသည့် အထုပ် တစ်ထုပ်ဖြင့် ပစ်ပေါက်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက် များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှု များဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်း များ ပြုလုပ်လျက်ရှိပါသည်။


အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။