ဒီဇင်ဘာ ၄
ယခုဘဏ္ဍာနှစ် ရှစ်လတာနီးပါးကာလအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခဲ့ရာ၌ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် လျော့ကျနေသည်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။
၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၂၄ ရက်အထိ လယ်ယာထွက်ကုန် ပြည်ပတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၈ ဘီလီယံကျော်ရရှိထားခဲ့သော်လည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဥ်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆ ဘီလီယံကျော်ရရှိထားသည့်အတွက် အမေရိကန်ဒေါ်လာ ၂၈၆ ဒသမ ၈၈၉ သန်း လျော့ကျခဲ့ခြင်း ဖြစ်ပါသည်။
ယခုလို လျော့ကျရခြင်းမှာ ပြည်တွင်းဈေးနှုန်း မြင့်တက်နေသည့်အတွက်ကြောင့် ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်းရှင် များကဆိုပါသည်။ ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုးနှင့် ပြောင်းတို့သည် စိုက်ပျိုး ရေးကဏ္ဍမှ အဓိကတင်ပို့သော ပစ္စည်းများ ဖြစ်ပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၊ နှမ်း၊ လက်ဖက်ခြောက်၊ သကြားနှင့် အခြားစိုက်ပျိုး ရေး ထွက်ကုန်များကို အခြားနိုင်ငံများသို့ တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။
#PAN