တရားမဝင် သစ်မျိုးစုံ၊ ဆေးဝါးများ လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၄

       တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ရာတွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ၌ မြိတ်မြို့မှ ရန်ကုန်မြို့ သို့ မောင်းနှင်လာသော ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်း မရှိသည့် ဆေးဝါး CYPROHEPTADINE ယားနာပျောက်ဆေးဘူး ၄၈၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် KIA PREGIO MINI BUS တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာ၌ တရားမဝင် အခြားသစ် ၂ ဒသမ ၄၂၄ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၇,၂၆၀) ကိုလည်း ကောင်း၊ ဥက္ကံမြို့နယ် တဘူးလှဆည် တမံ(၂) အနီး၌ တရားမဝင်အခြားသစ် ၁၂ ဒသမ ၇၂၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်၁,၈၃၉,၈၀၀)နှင့် အဆိုပါသစ်များ တင် ဆောင်ထားသည့် Lifan Faw ယာဉ်နှစ်စီး(ခန့် မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)ကိုလည်းကောင်း စုစု ပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၆၇,၀၆၀ ကို သိမ်း ဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ဒီဇင်ဘာ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာကလေးမြို့၊ လှိုင်သာယာရပ်ကွက်၊ ကလေးတက္ကသိုလ်စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Baofengတရုတ်နိုင်ငံထုတ် စကားပြောစက် ခုနစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ်
၁,၀၅၀,၀၀၀)နှင့် မုံရွာမြို့ ချင်းတွင်းတံတား၌ လိုင်စင်မဲ့ Dong Feng ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၈,၅၅၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အပြင် ဒီဇင်ဘာ ၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် ၌ တရားမဝင်ကျွန်းသစ် သုည ဒသမ ၃၁၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀,၁၄၄)နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ ၁ ဒသမ ၀၁၈ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၉,၁၄၄ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

     သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၈၃၆,၂၀၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN