ချမ်း​အေးသာစံမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့်တိုက်ရန်ပြုမှုဆောင်ရွက်ပြီး မောင်းနှင်ထွက်ပြေးသွားသော လူငယ်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီ

ဒီဇင်ဘာ ၄

      ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်း​အေးသာစံမြို့ နယ်၊ ၈၀×၈၁လမ်းကြား၊၂၆ လမ်း၌ လုံခြုံရေးတပ်ဖွဲဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့်တိုက်ရန်ပြုမှုဆောင်ရွက်ပြီး မောင်းနှင်ထွက်ပြေးသွားသော လူငယ်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီခဲ့သည်ဟု သိရပါ သည်။

      ရှိုင်း ကားအလှဆင်လုပ်ငန်း၊ ၇၄လမ်း၊၂၆× ၂၇ လမ်း​ကြား၊ချမ်းအေးသာစံမြို့နယ်နေသူများဖြစ်ကြသော ဇင်မင်းထွန်း၊၂၅နှစ်၊(ဘ)ဦးဇော်နှင့် နိုင်မင်းဇော်၊၁၇နှစ်၊(ဘ)ဦးမောင်မောင်ညွန့် တို့ သည် ၈၁×၈၂ လမ်း ကြား၊၂၂ လမ်းရှိ (နာမည်မမှတ်မိ)စတိုးဆိုင်မှ ဈေးဝယ်၍ ၇၄လမ်း၊၂၆ × ၂၇ လမ်းကြားရှိ အဆောင်သို့ပြန်လာစဥ် ၈၀ × ၈၁လမ်းကြား၊၂၆ လမ်းသို့ အရောက်တွင် လုံခြုံ ရေးအဖွဲ့မှ မသင်္ကာ၍ ရပ်တန့်စစ် ဆေးစဥ် လုံခြုံရေးတပ်ဖွဲဝင်တစ်ဦးအား ဆိုင်ကယ်ဖြင့်တိုက်ရန် ပြုမှုဆောင်ရွက်ပြီး မောင်းနှင်ထွက်ပြေးစဥ် ခြောက်လှန့်ပစ်ခတ်ရာ သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ကယ်မောင်းနှင်သူ ဇင်ထွန်းအောင်၏ ပြောပြချက်အား သိရပါသည်။

       ထိုသို့ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်မှုကြောင့် ဇင်မင်းထွန်း၊၂၅နှစ်၊(ဘ)ဦးဇော် တွင် ဝဲဘက်တံ​တောင် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ဆိုင်ကယ်အနောက်မှ နောက်ထိုင်လိုက်ပါလာသူ နိုင်မင်းဇော်၊၁၇နှစ်၊(ဘ)ဦးမောင်မောင်ညွန့် တွင် ယာဘက် နောက်ကျောမှဖောက်ဝင်၍ ဝဲဘက်နံဘေးမှ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက် ၊ဝဲဘက်လက်မောင်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့သည်ဟု ဆိုပါသည်။

      အဆိုပါ လူငယ်နှစ်ဦးသည် အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်မှုမရှိနိုင်ကြောင်း၊ ဖြစ်စဥ်ဖြစ်ပွားသည့်နေ့က ၎င်းတို့ နှစ်ဦးမှာ အရက်သောက်ထားခြင်းဖြစ်နိုင်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရပါသည်။

#PAN