ခဲယမ်းများထုတ်လုပ်ခြင်းအတွက် ငွေကြေး ၅၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

ဒီဇင်ဘာ ၄

       လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း ယူကရိန်းနိုင်ငံ၏ အမြောက်ဆန်အသုံးပြုမှု မြင့်မားလာခြင်းကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် လွန်ခဲ့သည့် ငါးနှစ်ကာလနှင့် နှိုင်းယှဉ်ပါက ခဲယမ်း များ ထုတ်လုပ်၊ ဝယ်ယူခြင်းအတွက် ငွေကြေး ၅၀ ရာခိုင်နှုန်း ပိုမိုသုံးစွဲရမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန် ကြီး လွိုက်အော်စတင်က ပြောကြားသည်။ အမေရိကန်အနေဖြင့် ယူကရိန်းစစ်ဘက်၏ အမြောက် ဆန်အသုံးပြုမှု မြင့်မားလာခြင်းကြောင့် ခဲယမ်းများထုတ်လုပ်ရာတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် လိုအပ်လာြပီး အမေရိကန်အစိုးရအနေဖြင့်လည်း ယူကရိန်းနိုင်ငံအား ဆက်လက်ထောက်ပံ့ပေးရန် အာရုံ စိုက်ထားကြောင်း အော်စတင် က ဒီဇင်ဘာ လ ၂ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ရော်နယ်ရေဂင် အမျိုးသားကာကွယ်ရေး ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

     ထို့ပြင် လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရလက် ထက်တွင် အမေရိကန်၏ အမြောက်ဆန်ထုတ်လုပ်မှုသည် လေးဆခန့် မြင့်တက်လာနိုင်ကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ရန်သူက မိမိတို့အား အင်အားချည့်နဲ့စေရေး လုပ်ဆောင်ခွင့် မပြုနိုင်သောကြောင့် လက်နက်ကိုင်ပဋိပက္ခတွင် ယူကရိန်းအား ဆက်လက်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

       ယူကရိန်းလက်နက်ကိုင် ပဋိပက္ခမှ ထွက်ပေါ်လာမည့်ရလဒ် သည် လာမည့်ဆယ်စုနှစ်များအတွက် ကမ္ဘာ့လုံခြုံရေးကို ပုံဖော်ပေးမည်ဟု အမေရိကန်က ယူ ဆလျက်ရှိသော ကြောင့် ယူကရိန်းအားလက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေခြင်းဖြစ်ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြ ထားသည်။

#PAN