နျူကလီးယားလက်နက်များ ကင်းမဲ့သော ကမ္ဘာကြီးတစ်ခုဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် ကတိပြု

ဒီဇင်ဘာ ၃

      နျူကလီးယား လက်နက်တားမြစ်ပိတ်ပင်ရေး ကုလသမဂ္ဂသဘောတူစာချုပ်ပါ နိုင်ငံများမှကိုယ်စား လှယ် များသည် ခြိမ်းခြောက်မှုများ မြင့်တက်လာသော်လည်း နျူကလီးယားလက်နက်များ ကင်းမဲ့သော ကမ္ဘာကြီးတစ်ခု ဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြကြောင်း သိရသည်။

       နျူကလီးယားလက်နက်တားမြစ်ပိတ်ပင်ရေး သဘောတူစာချုပ်အဖွဲ့ပါ နိုင်ငံများ၏ ဒုတိ ယအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၁ ရက်တွင် အဆုံးသတ်ခဲ့သည်။ နယူးယောက်ရှိ ကုလ သမဂ္ဂရုံးချုပ်၌ ငါးရက် ကြာ အစည်းအဝေး၏ နောက်ဆုံးရက်တွင် နိုင်ငံရေးကြေညာချက်တစ်ခုကို အစည်းအဝေး တက်ရောက်သူများကအတည်ပြုခဲ့ကြောင်း သိရသည်။

      အဆိုပါ ကြေညာချက်တွင် နျူကလီးယားလက် နက်များ ခေတ်မီလာမှုနှင့် ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာမှုကြောင့် နျူကလီး ယားအန္တရာယ် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မိကြောင်း ဖော်ပြထား သည်။ ထို့အပြင် နျူကလီး ယားလက်နက်ကို အသုံး ပြုမှု သို့မဟုတ် ခြိမ်း ခြောက်မှုမှန်သမျှကို နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုနှင့် လုံ ခြုံရေးကို ထိပါးစေကြောင်းလည်း ဖော်ပြထား သည်။

       ထိုကဲ့သို့သော ချဉ်းကပ်မှုများကို စွန့်လွှတ်ပြီး နျူက လီးယားတားမြစ်ရေး သဘောတူစာ ချုပ်တွင် ပါဝင် ကြရန် အဆိုပါကြေညာချက်က နိုင်ငံအားလုံးကို တိုက်တွန်းထားသည်။ အဆိုပါအစည်းအဝေးကို နိုင်ငံနှင့် ဒေသပေါင်း ၅၉ ခု တက်ရောက်ခဲ့ပြီး ၃၅ နိုင်ငံက လေ့လာသူများအဖြစ် ပါဝင်ခဲ့ကြကြောင်း သိရသည်။ ဂျပန်နိုင်ငံက အဆိုပါအစည်းအဝေးတွင် ပါဝင်ခြင်းမရှိကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထား သည်။

#PAN