တောင်တွင်းကြီးမြို့နယ်အတွင်း ဖမ်းဆီးရမိအကြမ်းဖက် PDF  ​တပ်ခွဲမှူး တစ်ဦး၏ ဖော်ထုတ်ချက်အရ  ကားမိုင်းများ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့

ဒီဇင်ဘာ ၃

       မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ယမန်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက် PDF  ​တပ်ခွဲမှူး တစ်ဦး၏ ဖော်ထုတ်ချက်အရ ကားမိုင်း ၃ လုံးကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါသည်။

      ယမန်နေ့က  တောင်တွင်းကြီးမြို့နယ်၊ ဘန်းကုန်း အကြမ်းဖက် PDF  ​တပ်ခွဲမှူး အောင်မင်းခိုင် ကိုဖမ်းဆီးရမိခဲ့ရာ ၎င်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်​ဆေး ချက်အရ ​တောင်တွင်းကြီးမြို့နယ်၊ မှုတ်ရှည်အုပ်စု၊ ထန်း​တောကြီး​ကျေးရွာအနီး ဆတ်သွား – ဓနုန်း​မြောင် ခရိုင်ချင်းဆက်လမ်း​ဘေးမိုင်တိုင်၂၃၆/၅အနီးထောင် ထား​သော​ကားမိုင်း ၃ လုံးကို ဖော်ယူသိမ်းဆည်းခဲ့ကြောင်း သိရပါသည်။

      အဆိုပါ အကြမ်းဖက် PDF  ​တပ်ခွဲမှူးအဆင့်ရှိ အောင်မင်းခိုင် သည် ဆင်ပေါင်ဝဲမြို့နယ်ရွှေဘန်းကုန်း PDF အဖွဲ့မှ ဖြစ်ပြီး တောင်းတွင်းကြီးမြို့နယ်၊ ပတ်လည်ကြီးအုပ်စု၊ စည်သာကြီးရွာသားဖြစ် သည်ဟု သိရပါသည်။ ၎င်းသည် တောင်းတွင်းကြီးမြို့နယ်အတွင်း လူသတ်မှု၊ မုဒိန်းမှု၊ ဓားပြတိုက်လုယက်မှုများ ကျူးလွန်ထားကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် နယ်မြေလုံခြုံရေးအဖွဲ့များက တောင်တွင်းကြီးမြို့ ပတ်ဝန်းကျင် နယ်မြေရှင်းလင်းစဥ် အဆိုပါ အကြမ်းဖက် PDF အောင်မင်းခိုင် သည် ဘန်းကုန်းဖက်မှ တောင်တွင်းကြီးဖက်သို့ ဆိုင်ကယ်ဖြင့် လာရောက်စဥ် ရေပြည့်ရွာနှင့် ကြက်လျှာရွာကြား၌ လုံခြုံရေးအဖွဲ့များက မသင်္ကာ၍ စစ်ဆေးမေးမြန်ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းနှင့်အတူ ပစ္စတို တစ်လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၃၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

     အဆိုပါ အကြမ်းဖက် PDF  ​တပ်ခွဲမှူးအဆင့်ရှိ အောင်မင်းခိုင် ကို အကြမ်းဖက်မှုများနှင့် ဆက် စပ်တရားခံများကို စစ်ကြောဖော်ထုတ်လျက်ရှိပြီး တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN