တရားမဝင် ကျွန်းသစ်၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၃

      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင်ကြေညာထားခြင်းမရှိသည့် လုပ်ငန်းသုံး National Ice Maker And Refri- gerator oc Sapporo Japan Beer ဘူး ၄၈၀၊ ဂျပန်နိုင်ငံထုတ် Collagen ဘူး ၈၀၀ အပါအဝင် ကုန် ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၇၁၀,၀၀၀)၊ကုန်သေတ္တာ နှစ်လုံးအတွင်းမှသွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Capaci- tor Start Motor အလုံး ၁၀၀ အပါ
အဝင် ကုန်ပစ္စည်း ၁၈ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၇,၇၇၁,၅၀၀)နှင့် ကုန်သေတ္တာ တစ်လုံးအတွင်းမှသွင်းကုန်ကြေညာလွှာတွင်ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် လျှပ်စစ်ထမင်းပေါင်းအိုး အလုံး ၁၅၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် AIKONI Motor Oil ကီလိုဂရမ် ၂၀၀ အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၇,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Express တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁,၄၉၈,၅၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

     ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန် သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာကားလမ်း မတ္တရာ-မန္တလေး ရွှေ ကျင်တိုးဂိတ်အနီး မိဘမေတ္တာကုန်စုံဆိုင်၌ တရား ဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ပုံး ၁၃၀၀၊ ပုစွန်နှစ်ကောင် _ စားအုန်းဆီ ငါးလီတာပါ ဘူး ၂၀၀၊ ပုစွန်နှစ်ကောင်စားအုန်းဆီ တစ်လီတာပါ ဘူး ၁၉၂ဝ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၈၄၄၀၀၀၀)၊ Lactasoy ပဲနို့ဘူး ၇၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,ဝ၂၄,၀၀၀)၊ Lipovitan-D အားဖြည့်အချိုရည်ပုလင်း ၂၀၀၀၀(ခန့် မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀) Quick calmag ငွေကျပ်ခြောက် ထုပ် ၂၈၈၀ နှင့် Malee Fruit Juice အချိုရည်ဘူး ၄၈၀(ခန့်မှန်းတန်ဖိုး ၂၂၄၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉,၇ဝ၄,၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

       အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မြဝတီမှ ရန်ကုန်သို့ မောင်းနှင်လာသောယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Waist Coat အင်္ကျီအထည် ၁၉၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈ဝဝ,ဝဝဝ)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၈၀ဝ,ဝ၀ဝ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အပြင် ဒီဇင်ဘာ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၁ ဒသမ ၂၁၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃,၆၄၄,၇၀၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ စာရွက်စာတမ်းတရားဝင်အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် အမျိုးသမီးလက်ကိုင်အိတ်အလုံး ၉၀ အပါ အဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီးခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀ ကိုအကောက်ခွန်လုပ်ထုံး လုပ် နည်းများအရ လည်းကောင်း စုစုပေါင်းခန့် မှန်းတန်ဖိုးငွေ ၂၄,၈၉၄,၇ဝ၄ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှ စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်းတန် ဖိုးငွေ ၄၁၀,၈၉၇,၂ဝ၄ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN