ပေါင်းတည်မြို့နယ်၊ ကြို့ကုန်း(တောင်ပေါ်)ကျေးရွာရှိ ကိုတင်မောင်ဝင်း(ရာအိမ်မှူး)အား လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ရက်ရက်စက်စက် သတ်ဖြတ်


ဒီဇင်ဘာ ၂

ယနေ့နံနက် ၇ နာရီချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊နတ္တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ကြို့ကုန်း (တောင်ပေါ်)ကျေးရွာအုပ်စု၊ ကြို့ကုန်း(တောင်ပေါ်) ကျေးရွာရှိ ရာအိမ်မှူး ကိုတင်မောင်ဝင်း ၅၃ နှစ်၊(ဘ)ဦးတင်ရွှေ၊အား လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ရက်ရက်စက်စက်သတ်ဖြတ်သွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် တောင်ယာလုပ်ကိုင်သူ ကိုတင်မောင်ဝင်း(ရာအိမ်မှူး )အား လူသတ်အကြမ်းဖက် PDF အဖွဲ့(စိစစ်ဆဲ)အင်အား ၅ ဦးခန့်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ကျေးရွာအပြင်ဘက်အရောက်တွင် သေနတ်နှင့် ပစ် ဓါးဖြင့်ခုတ်၍ ခေါင်းတခြား ကိုယ် တခြားထားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် သိရှိရပါသည်။

တိုင်းဖျက်ပြည်ဆူပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲမှ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲများ သည် ယခုလို အေးချမ်းစွာ နေထိုင်လိုကြသော သာမာန်ပြည်သူများအား နည်းမျိုးစုံဖြင့် နှောက်ယှက်၊ ဖျက်ဆီး၊ ခြိမ်းခြောက်၊ သတ်ဖြတ်နေခြင်း၊ ၎င်းအကြမ်းဖက် PDF များသည် အပြစ်မဲ့ပြည်သူပေါင်း ထောင်နှင့်ချီ၍ ခေါင်းစဥ် အမျိုမျိုးဖြင့် သတ်ဖြတ်ခဲ့ကြသည်ကို ယခုအခါ ပြည်သူအများစုက သဘောပေါက်နားလည်ကြပြီး ၎င်းအကြမ်း ဖက်အဖွဲ့များကို တစ်နေ့တစ်ခြား ရွံရှာစက်ဆုပ်မုန်းတီးလာကြကြောင်း သိရသည်။

PAN