တောင်ကိုရီးယားမှ EPS လုပ်သား တိုးမြှင့်ခေါ်မည်

ဒီဇင်ဘာ ၂

       လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ EPS လုပ်သား တစ်သိန်းခြောက်သောင်းကျော် တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်သည်ဟု တောင်ကိုရီးယားအလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထား ပါသည်။ ၎င်းအထဲတွင် E-9 ဗီဇာနှင့် မြန်မာလုပ်သားများကို ကုန်ထုတ်လုပ်ငန်းများအတွက် တိုးမြှင့်ခေါ်ယူနိုင်ဖွယ်ရှိသည်ဟု ရန်ကုန်မြို့ရှိ ကိုးရီးယားလုပ်ငန်းခွင် မွမ်းမံသင်တန်းကျောင်းတစ်ချို့က ပြောပါသည်။

      တောင်ကိုးရီးယားနိုင်ငံက လုပ်သားခေါ်ယူရာ၌ မြန်မာလုပ်သားများကို ကြိုက်နှစ်သက်မှုရှိသည့်အတွက် လာမည် နှစ်များတွင် အရေ အတွက် တိုးမြှင့်ခေါ်ယူနိုင်ခြေ ရှိသည်ဟုလည်း အလုပ်သမားဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန်က သုံးသပ်ပြောကြားထားပါသည်။ ၂၀၂၃ ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံက ပြည်ပလုပ်သားတစ်သိန်းကျော် ခေါ်ယူ ထားပြီး ၎င်းထဲတွင် ကုန်ထုတ်လုပ်ငန်းအတွက် မြန်မာလုပ်သားတစ်သောင်းကျော် ခေါ်ယူခဲ့သည်။

        လာမည့် ၂၀၂၄ ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံက ခေါ်ယူသွားမည့် လုပ်သားအရေအတွက်မှာ ကုန်ထုတ်လုပ်ငန်းအတွက် ၉ သောင်းခွဲ၊ စိုက် ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအတွက် တစ်သောင်းခြောက် ထောင်၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် တစ်သောင်းသုံးထောင်၊ ငါးဖမ်းလုပ်ငန်းအတွက် တစ်သောင်းနှင့် ဆောက်လုပ်ရေးလုပ် ငန်းများမှာ တစ်သောင်းကျော်ခန့် ခေါ်ယူသွားရန် ရှိသည်ဟု ကိုရီးယားသတင်းများတွင် ဖော်ပြထားပါသည်။

#PAN