ဂါဇာကမ်းမြောင်ဒေသ၌ ခုနစ်ရက်ကြာ အပစ် အခတ်ရပ်စဲပြီးနောက် စစ်ဆင်နွှဲမှုများ ပြန်လည်စတင်

ဒီဇင်ဘာ ၂

    ဂါဇာကမ်းမြောင်ဒေသ၌ စစ်ဆင်နွှဲမှုများကို ခုနစ်ရက်ကြာ ခေတ္တရပ်နားပြီးနောက် အစ္စရေး တပ်မတော်က တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

       ဟားမတ်စ်အဖွဲ့က ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီဝန်းကျင်တွင် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခဲ့ပြီး အစ္စရေးပိုင်နက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း အစ္စရေးတပ်မ တော်က ကြေညာသည်။

       အပစ်အခတ်ရပ်စဲမှု သက်တမ်းမကုန်မီ တစ်နာရီခန့်အလိုတွင် အစ္စရေးတပ်မတော်သည် ဂါဇာကမ်းမြောင်မှ ဟားမတ်စ်အဖွဲ့၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု အဆိုပါကြေညာချက်တွင် ရေးသားထား သည်။

      တိုက်ပွဲများ ပြန်လည်စတင်ကြောင်း ကြေညာပြီး မိနစ် ၃၀ ခန့်အကြာတွင် အစ္စရေးလေတပ်မှ တိုက် လေယာဉ်များသည် ဟားမတ်စ်အဖွဲ့၏ ပစ်မှတ်များကို တိုက်ခိုက်နေကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။

       ယာယီအပစ်အခတ်ရပ်စဲမှုအတွင်း ဟားမတ်စ်အဖွဲ့က အစ္စရေးနှင့် နိုင်ငံခြားသားဓားစာခံ ၁၀၅ ဦးကို လွှတ်ပေးခဲ့သည်။ အစ္စရေးတပ်မတော်က ပါလက်စတိုင်း အကျဉ်းသား ၂၄၀ ကို အပြန် အလှန်အနေဖြင့် လွှတ်ပေးခဲ့သည်။

       ကာတာ၊ အီဂျစ်နှင့် အမေရိကန်နိုင်ငံများ သည် အပစ်အခတ်ရပ်စဲရေးကာလကို သက် တမ်းတိုးရန် ကြိုး ပမ်းဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ တိုက်ပွဲများ ပြန်လည်စတင်ခြင်းသည် ပါလက်စတိုင်းနယ်မြေအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားသွားစေနိုင် သည်။

      အပစ်အခတ်ရပ်စဲမှု သက်တမ်းကုန်ပြီးနောက် နှစ်နာရီအကြာတွင် ပြည်သူ ၁၄ ဦး သေ ဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးအာဏာ ပိုင်များက ပြောကြား သည်။

#PAN