ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုး ၁၀,၀၀၀ မြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့  ရာမို့စ်

ဒီဇင်ဘာ ၂

       ပြီးခဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ PSV အသင်းတို့ပွဲမှာ ဆီဗီလာအသင်း နောက်ခံလူ ဆာဂျီယို ရာမို့စ် က သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုး(၁၀,၀၀၀)မြောက် သွင်းဂိုးအဖြစ် မှတ် တမ်းဝင်ခဲ့ ပါတယ်။ ဆီဗီလာအသင်းက ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အသင်းအတွက် ပထမဦးဆောင်ဂိုးကို ရာမို့စ် က ပထမပိုင်း ၂၄ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

        အဲဒီသွင်းဂိုးက ချန်ပီယံလိဂ်အမည်ဖြင့် ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့တဲ့ပြိုင်ပွဲကစလို့ ဂိုး ၁၀,၀၀၀ မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

        ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးသွင်းဂိုးကို ၁၉၉၂ ခုနှစ်တွင် ကလပ်ဘရုဂေးအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အမိုကာချီ က သွင်းယူခဲ့ပြီး ၃၁ နှစ် ၄ ရက်အကြာတွင် ရာမို့စ်က ဂိုး(၁၀,၀၀၀) မြောက်ကို သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါသွင်းဂိုးမှာ ရာမို့စ် အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပွဲစဉ်တွေမှာ သွင်းယူနိုင်ခဲ့တဲ့ ၁၆ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

#PAN