Samba Gold Award 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗင်နီစီးယက်စ် ရရှိ

ဒီဇင်ဘာ ၁

Samba Gold Award 2023 ဆုကို ရီးယဲလ်မက်ဒရစ်အသင်း လူငယ်တိုက်စစ်မှူး ဗင်နီစီးယက်စ်က ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗင်နီစီးယက်စ်က ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်သည့် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထိပ်တန်းကစားသမားများကို ကျော်ဖြတ်ပြီး ၎င်း၏ ကစားသမား ဘဝပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဗင်နီစီးယက်စ်ဟာ နေမာနှင့်မာကွင်ဟိုတို့ကို ကျော်ဖြတ်ပြီး ၎င်းဆုကို ရရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။

Samba Gold Award သည် ဘရာဇီးကစားသမားများထဲမှ စိစစ်ရွေးချယ် ပေးအပ်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်က စတင်ပေးအပ်ခြင်းဖြစ်ကာ ပထမဆုံးအကြိမ် ပေးအပ်သည့်နှစ်တွင် အေစီမီလန်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ကာကာက ရရှိခဲ့ပါတယ်။

Samba Gold Award ကို အယ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာက ခြောက်ကြိမ်ဖြင့် အကြိမ်ရေ အများဆုံးရရှိထားသည့် ကစားသမားအဖြစ် ရပ်တည်နေပြီး နေမာ၏နောက်တွင် လက်ရှိ ချယ်လ်ဆီးအသင်း ဝါရင့်ခံစစ်ကစားသမား သီယာဂိုဆေးလ်ဗားက သုံးကြိမ်ရရှိခဲ့ကာ ဒုတိယအကြိမ်ရေ အများဆုံးရရှိထားသည့် ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။