အကြမ်းဖက်သောင်းကျန်းသူ KNLA/ KTLA/ PDF ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့နှင့် သင်္ဃန်းညီနောင် ရဲစခန်းတို့ကို သာလွန်အင်အားဖြင့်တိုက်ခိုက် အထိနာစွာ ဆုတ်ခွာ ထွက်ပြေးရ

ဒီဇင်ဘာ ၁

     အကြမ်းဖက်သောင်းကျန်းသူ KNLA/ KTLA/ PDF ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့လုံခြုံရေးတပ် ဖွဲ့များရှိရာသို့  ယနေ့ နံနက် ၅ နာရီ ၃၅ မိနစ်အချိန်ခန့်မှစတင်၍ အဖွဲ့များခွဲ၍ တစ်နေရာလျှင်အင်အား ၄၀ ဦးခန့်မှ ၇၀ ဦးခန့်တို့ဖြင့် တစ်ပြိုင်တည်း လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး အစိုးရရုံးအချို့နှင့် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

တိုက်ပွဲဖြစ်စဥ်များ

•     ကော့ကရိတ်မြို့နယ် တောင်ဘက်ခြမ်းရှိအကြမ်း ဖက်သောင်းကျန်းသူနယ်မြေထဲသို့ နယ်မြေခံတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ယနေ့ နံနက် ၀၀: ၂၃ နာရီအချိန်တွင် ၂ လုံး၊ ၀၀: ၄၀ နာရီအချိန်တွင် ၂ လုံး ပစ်ခတ်ခဲ့သည်။

•    နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက် သောင်းကျန်းသူများသည် ကော့ကရိတ်မြို့ အာရှလမ်း မကြီးရှိ ဘားအံဖက်မြို့အဝင် လုံခြုံ ရေးအဖွဲ့များ၊ ကော့ကရိတ်မြို့အရှေ့ဘက် သပြေကုန်း၊ ၀င်းကြီးဘက်မှနေ၍အမှတ်(၂)ရပ်ကွက်၊ ဓမ္မရာမကုန်းရှိ လုံခြုံ ရေးအဖွဲ့များ၊ ကော့ကရိတ်မြို့မြောက်ဘက်ရှိ လုံခြုံ ရေးတပ်ဖွဲ့များကို တစ်ချိန်တည်းတစ်ပြိုင်တည်း စတင်ပစ်ခတ်တိုက်ခိုက် လာခဲ့ကြပါသည်။

•   တစ်ချိန်တည်းမှာပင် ကော့ကရိတ်မြို့အ၀င်ကြာပန်း အနီးရှိ တံတားလုံခြုံရေး  BGF အဖွဲ့ကိုစတင်တိုက်ခိုက်ခဲ့ရာ BGF လုံခြုံရေးအဖွဲ့များကဆုတ်ခွာခဲ့ပြီး အကြမ်း ဖက်သောင်းကျန်းသူများသည် မြို့ထဲ၀င်ရောက်ရန်ချဥ်းကပ် လာကြပါသည်။ မြို့ထဲသို့မ၀င်ရောက်မီ အကြမ်းဖက်သောင်းကျန်းသူများသည် မြို့အ၀င်အနီးရှိ အစိုးရရုံး ၁ ရုံး၊ BGF အဖွဲ့ဝင် ဦးတင်အောင် နေအိမ်နှင့် မော်တော်ယာဥ် ၁ စီးကို မီးရိူ့ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

• အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့သည် ကော့ကရိတ်မြို့ ​ ရေလယ်ကုန်းဘက်မှပတ် ၀င်ပြီးမြို့အထွက်လိူင်၀ စာသင်ကျောင်းအနောက်ဘက်သို့စတင်ချဥ်းကပ်လာခဲ့သည်။

• ကော့ကရိတ်မြို့အရှေ့ဘက်မြို့တော်ဦးဘက်
မှ၀င်ရောက်လာသောအကြမ်းဖက်သောင်းကျန်းသူ များသည်  ကော့ကရိတ်မြို့အမှတ်(၂)ရပ် ကွက်၊ ၀င်းကြီးအထကခွဲကျောင်းနားရှိ ဆရာမနေအိမ်အား မီးစတင့်ရှို့ခဲ့ရာ ဘေးအိမ်ပါကူးစက်လောင်းကျွမ်းပြီးနေအိမ် ၂ လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

•     နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူများသည်  ကော့ကရိတ် – မြ၀တီ အာရှလမ်းမကြီးရှိ ကော့ကရိတ် – ကျိုက်ဒုံ လမ်းခွဲနေရာတွင်အများအပြားရောက်ရှိနေပြီး အာရှလမ်းမကြီး  ကော့နွဲ့အနီ မရောက်ခင်တွဲကား ၁ စီးအားကန့်လန့်ခံ၍လမ်းပန်းဆက်သွယ်မူဖြတ်တောက်စေရန် ဆောင်ရွက်ခဲ့သည်။

•    ထိတွေ့တိုက်ပွဲဖြစ်နေသော နေရာများနှင့် သောင်း ကျန်းသူများ ချဥ်းကပ်လာသော နေရာများကို နယ်မြေခံတပ်များမှ လက်နက်ကြီးပစ်ကူအဆက်မပြတ် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်သောင်းကျန်းသူများ တောင်ဘက်ခြမ်းသို့ပြန် လည်ဆုတ်ခွာသွားခဲ့ကြပါ သည်။

•    တပ်မတော်လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် သောင်းကျန်းသူများ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေခံတပ်မှ လက်နက်ကြီးပစ်ကူများ၊ တပ်မ တော်မှလေကြောင်းပစ်ကူများ​ဖြင့် တိုက်ခိုက်နှိမ်နင်းဆောင်ရွက်ခဲ့သည်။

•   အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်မှ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ လေကြောင်းပစ်ကူ ပစ်ခတ်တိုက်ခိုက်ရာ ညနေ ၅  နာရီအချိန်ထိ သောင်း ကျန်းသူများဆုတ်ခွာရာသို့ လေကြောင်းပစ်ကူဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

•    အကြမ်းဖက်သောင်းကျန်းသူများ၏ သာလွန် အင် အားဖြင့် လာရောက်တိုက်ခိုက်မှုအပေါ် ကော့ကရိတ်မြို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြံ့ကြံ့ခံ ခုခံတိုက်ခဲ့ရာ သောင်းကျန်းသူများသည် ကော့ကရိတ်မြို့အား ၀င်ရောက်တိုက်ခိုက်နိုင်ခြင်းမရှိပဲ၊ မြို့အစပ်မှ အထိ အခိုက်ကျဆုံးမှုများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြရကြောင်း သိရသည်။

•    ကော့ကရိတ်မြို့ အရှေ့ဖက်ရှိ ကော့နွဲ့စခန်းမှ လုံ ခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သောင်းကျန်း သူများလာရောက် တိုက်ခိုက်သည့် သတင်းရသည်နှင့်တစ်ပြိုင်နက် ကြိုတင်စီမံထားသည့် စီမံချက်အတိုင်း ၎င်းစခန်းမှ ဆုတ်ခွာပြီး မြို့အဝင်ရှိ လုံခြုံရေးအဖွဲ့များသို့ သွားရောက်ပူးပေါင်းခဲ့သည်။ သောင်းကျန်းသူများက အဆိုပါကော့နွဲ့စခန်းရောက်ရှိချိန်တွင် စခန်းအခွံသာကျန်ရှိပြီး ၎င်းစခန်းအား သိမ်းပိုက်နိုင်သည်ဟု လူမှုကွန်ယက်တွင် ထုတ်ပြန်ခဲ့သည်။

•    ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများက ကော့ ကရိတ်မြို့ကို တိုက်ခိုက်နေစဥ် ၎င်းတို့၏ အခြား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မြ၀တီမြို့ နယ်၊ သင်္ဃန်းညီနောင် ရဲစခန်းကို ညနေ ၃ နာရီအချိန်ခန့်တွင် သာလွန်အင်အားဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သောင်းကျန်းသူများ ထိခိုက်သေ ဆုံးမှုများဖြင့် ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သတင်းရရှိပါသည်။

#PAN