သီတဂူဆရာတော်ဘုရားကြီးပုံအား မဖွယ်မရာပြုလုပ်၍ အွန်လိုင်းပေါ်တွင် ဖြန့်ဝေခဲ့သည့် ဓမ္မစကူးဆရာမ တစ်ဦးကို ဖမ်းဆီး

ဒီဇင်ဘာ ၁

     မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဓမ္မစကူးဆရာမကို သီတဂူဆရာတော်ဘုရားကြီးပုံအား မဖွယ်မရာပြုလုပ်၍ အွန်လိုင်းပေါ်တွင် ဖြန့်ဝေခဲ့သဖြင့် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

       အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ပရပါတ်ကျေးနေ မသဲနုလှိုင်၊၂၅နှစ်၊(ဘ)ဦးမြင့်တိုး၊ဗမာ/ဗုဒ္ဓ၊စက်ချုပ်၊ဓမ္မစကူးဆရာမသည် ” May April ” အကောင့်အမည်ဖြင့် သီတဂူဆရာတော်ဘုရားကြီးပုံအား မဖွယ်မရာပြုလုပ်၍ အွန်လိုင်းပေါ်တွင် ဖြန့်ဝေခဲ့သဖြင့် တာဝန်ရှိသူများမှသွား ရောက်စစ်ဆေးရာ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

        အဆိုပါ အကောင့်ပိုင်ရှင်သည် ” I will play what I like ” အကောင့်မှ တင်ထားသော  မဖွယ် မရာရေးသားထားသည့် စာနှင့် သီတဂူဆရာတော်ဘုရားကြီးပုံအား ထပ်မံဖြန့်ဝေခဲ့ကြောင်း၊ ထိုသို့ဖြန့်ဝေရာတွင်လည်း မဖွယ်မရာ ရေးသားဖော်ပြခဲ့ကြောင်း သိရပါသည်။

       အဆိုပါ May April အကောင့်ပိုင်ရှင် မသဲနုလှိုင် ကို အမရပူရမြို့၊  မြို့မရဲစခန်းတွင် တရားစွဲဆို အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN