သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသားဒီမို ကရေစီပါတီသစ် ခေတ္တ ဥက္ကဌ သေနတ်ဖြင့်ပစ်သတ်ခံရ

ဒီဇင်ဘာ ၁

ယနေ့နံနက် ၈ နာရီ ၄၅ မိနစ် အချိန်ခန့်က ရန်ကုတိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း(၃)၊ (၃)လမ်း၊ အမှတ်(၆၂၉)(မြေညီ/ဝဲဘက်)ရှိ မကြီး မိတ္တူဆိုင်တွင် အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက်စိစစ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မကြီး မိတ္တူဆိုင်တွင် ဦးသန်းထွန်း ၅၄ နှစ်၊ (ဘ)ဦးစံထွန်း(ခေတ္တ ဥက္ကဌ၊ အမျိုးသားဒီမို ကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY))တွင် ရှိနေစဉ် အနက်ရောင်အင်္ကျီ ဝတ်ထားသည့် လူငယ် ၂ ဦး (စိစစ်ဆဲ) မှ မိတ္တူဆွဲမည်ဆိုကာ ဆိုင်အတွင်း ဝင်ရောက်လာပြီး ၎င်းအား သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ဦးသန်းထွန်း ၏ ဝဲရင်အုံ ထိမှန်ဒဏ်ရာ ၁ ချက်၊ ယာရင်အုံ ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံ ထိမှန်ဒဏ်ရာ ၁ ချက်၊ ယာလက် မောင်းရင်း ထိမှန်ဒဏ်ရာ ၁ ချက်တို့ စိုးရိမ်ရ ထိမှန်ခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM Luger ကျည်ခွံ  ၅ ခု တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ဒဏ်ရာရရှိသူ ဦးသန်းထွန်းအား သင်္ဃန်းကျွန်းစံပြဆေးရုံသို့  ပို့ဆောင်ကုသခဲ့ရာ ဆေးရုံသို့ ရောက်ရှိကုသစဉ် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် သေဆုံးခဲ့သွားခဲ့ကြောင်းနှင့် တရားခံဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းစိစစ် လျက်ရှိ ကြောင်းသတင်းရရှိသည်။

PAN