လယ် ၁၀ ဧက အထက်ပိုင်ဆိုင်သော လယ်သမားများကို ၁ ဧကလျှင် ကျပ်လေးသိန်းနှုန်း ထုတ်ချေး​ရန် စီစဉ်နေ

ဒီဇင်ဘာ ၁

     နေပြည်တော်နှင့် တိုင်းဒေသကြီးသုံးခုအတွင်းရှိ လယ် ၁၀ ဧကအထက်ပိုင်ဆိုင်သည့် လယ် သမားတွေကို ၁ ဧက လေးသိန်း ကျပ်နှုန်း ထုတ်ချေးပေးနိုင်ရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါသည်။

      လက်ရှိ နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးတာရှိသော်လည်း ၁၀ ဧကအထက် တောင်သူ လယ်သမား အချို့ချေးငွေမရခြင်းကြောင့် ချေးငွေထုတ်ပေးနိုင်ရန် MRF က စီစဉ်နေသည်ဟု သိရပါ သည်။ ချေးငွေများကို ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် နေပြည် တော်ကောင်စီနယ်မြေရှိ တောင်သူလယ်သမားများကို ကနဦး စတင်ထုတ်ချေးရန် လျာထားပြီး လာမည့် နွေစပါး စိုက် ပျိုးရာသီတွင် စတင်ထုတ်ချေးရန် စီစဉ်နေသည်ဟု သိရပါသည်။

      ချေးငွေကို ပုဂ္ဂလိကဘဏ်တွေကနေတစ်ဆင့် တောင်သူဆီ ငွေထုတ်ချေးတဲ့စနစ်နဲ့ချေးပေးမှာ ဖြစ်သည်။ လတ်တလော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့် တောင်သူများကို မိုးစပါးစိုက် ပျိုးစရိတ်ချေးငွေအဖြစ် လယ်တစ်ဧကကို ကျပ် တစ်သိန်းခွဲ ၊ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးရေးအတွက် လယ်တစ်ဧကကို ကျပ်တစ်သိန်းနှုန်းနှင့်သာ ထုတ်ချေးပေးနေသည်လည်း သိရပါသည်။

#PAN