ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် ပြည်ပမှ ဒရုန်းပညာရှင် ၆၅၀၀ ခန့် ပါဝင်ကူညီ တိုက် ခိုက်ပေးနေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်မှ ပြောကြားဟု တရားမဝင် ပြည်ဖျက်မီဒီယာများမှ လိုရာဆွဲရေးသား၍ မဟုတ်မမှန် သတင်းအမှားများဖြန့်ဝေ

ဒီဇင်ဘာ ၁

    ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင် ပြည်ပမှ ဒရုန်းပညာရှင် ၆၅၀၀ ခန့်ပါဝင် ကူညီ တိုက်ခိုက်ပေးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ လိုရာဆွဲယူ၍ သတင်းလွဲမှားစွာ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

     အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်း အဝေး(၆/ ၂၀၂၃)တွင် “ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ အတွင်းရှိ တပ်မတော်လုံခြုံ ရေးစခန်းများကို တိုက် ခိုက်ရာတွင် TNLA ၊ KIA ၊ AA အဖွဲ့တို့ အပြင် စုစည်းထားသည့် အခြာတပ် ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ Drone ပညာရှင်များ စုစုပေါင်းအင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကိုတွေ့ရှိရကြောင်း” ဟု ပြောကြားခဲ့သည့် ဆို လိုရင်းမှာ-

“MNDAA အဖွဲ့ကို အထောက်အကူပြုနေသည့် အဖွဲ့များမှာ TNLA ၊ KIA ၊ AA အဖွဲ့များနှင့်ပြည်ပမှ ဒရုန်းပညာရှင်များအပါအဝင် စုစုပေါင်းအကြမ်းဖက် သမားအင်အား ၆၅၀၀ ခန့်ကို ပြောကြားခြင်းသာဖြစ်သည်”

     အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်း အကြောင်းအရာတစ်ခုအား ၎င်းတို့လိုရာဆွဲယူ၍ အထင်အမြင်လွဲမှားစေနိုင်သည့်  မဟုတ်မှန် ကောလာဟလ သတင်းတု သတင်းမှားများကို ဖန်တီးရေးသား ဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN