ရန်ကုန်မြို့ရှိ အမှိုက်ပုံကြီးနှစ်ခုမှာ အမှိုက်များမှတစ်ဆင့် လျှပ်စစ်ထုတ်ယူနိုင်ရန်စီစဉ်နေ

ဒီဇင်ဘာ ၁

     ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမှိုက်ပုံကြီးနှစ်ခု၏ အမှိုက်များမှတစ်ဆင့် လျှပ်စစ်ထုတ်ယူနိုင်ရန်  စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မှ သိရပါသည်။

       လှိုင်သာယာမြို့နယ်ရှိ ထိန်ပင် အမှိုက်ပုံနှင့်မြောက် ဒဂုံမြို့ရှိ ထားဝယ်ချောင် အမှိုက်ပုံတို့ရှိ  အမှိုက်များမှတစ်ဆင့် လျှပ်စစ်ထုတ်ယူနိုင်ရန် စီမံကိန်းများကို မကြာမီပြုလုပ်သွားရန် ရန်ကုန် တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန် မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး ကို ကိုရီးယားနိုင်ငံ GES Global Energy Solution ကုမ္ပဏီမှ Dr.Won Seunghyun နှင့် တာဝန်ရှိသူများက နိုဝင်ဘာ လ ၂၉ ရက်က တွေ့ဆုံကာ စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်ဟု သိရပါသည်။

        ထိုသို့ တွေ့ဆုံစဉ် မြို့ပြပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သန့်ရှင်းရေးဌာန နှင့် GES တို့ ပူးပေါင်းဆောင် ရွက်ခဲ့သော ဖြစ်နိုင်ခြေလေ့လာမှု (Feasibility Study) များအရ ထိန်ပင်အမှိုက်ပုံနှင့် ထားဝယ်ချောင် အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အခြေ အနေများ၊ အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရန် စီမံကိန်းလုပ်ငန်း စတင်မည့် အချိန်ကာလနှင့် ပြီးစီးမည့် အချိန်ကာလအခြေအနေများ၊ စီမံကိန်းလုပ်ငန်းအား အဆင့် ၃ ဆင့် ခွဲခြားဆောင်ရွက်မည့် အခြေ အနေတွေကိုလည်း စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီမှ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

        လက်ရှိ ကနဦးအနေနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ထိန်ပင်နှင့် ထားဝယ်ချောင်တို့တွင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို စု ပေါင်းသန့်စင်ကာ မီးရှို့ခြင်းနှင့် လျှပ်စစ်ထုတ်ယူခြင်း စီမံကိန်းလုပ်ဆောင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

#PAN