ယူကရိန်းတာဝန်ရှိသူများက ရုရှားနှင့်စစ်ပြေငြိမ်းရေးအတွက် အသင့်ပြင်ဆင်နေဟုဆို

ဒီဇင်ဘာ ၁

     အနောက်အုပ်စုနှင့် ယူကရိန်းနိုင်ငံရေးသမားအချို့က ရုရှားနှင့် ဖြစ်ပွားနေသောပဋိပက္ခ ကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ပြည်သူများကို အသင့်ပြင် ဆင်ကြရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယူကရိန်း နိုင်ငံရေးသိပ္ပံပညာရှင် ရူစလန်ဘော့နစ် က ပြောသည်။

      ၎င်းက အနောက် အုပ်စု မီဒီယာများနှင့် မိမိတို့၏ နိုင်ငံရေးသမား တချို့က လက်ရှိပဋိပက္ခမှာ စစ်ပြေ ငြိမ်းစေရန်အတွက် ပြင်ဆင်မှုများ ပြု လုပ်နေပြီဟု ပြောခဲ့ပြီး ယူကရိန်းအနေဖြင့် ရုရှားနှင့် ဆွေးနွေးမှုများလုပ်ဆောင်ရန် တိုက်တွန်းနေသည့်အကြောင်း ရင်း နှစ်ချက် ရှိကြောင်း တစ်ခုမှာ အနောက်အုပ်စုမှရရှိနေသည့် အကူအညီများ လျော့နည်းလာခြင်းဖြစ်ကြောင်းနှင့် နောက်ထပ် အကြောင်းရင်း တစ်ခုမှာ နိုင်ငံ၏ နယ်မြေအများအပြားကို ပိုင်နက်ထဲသို့ ဆွဲသွင်းရန်ကြိုးပမ်းမှု မအောင်မြင်ခြင်း ဖြစ် ကြောင်း ဆက်ပြောသည်။

     အထူးသဖြင့် အနောက်အုပ်စု၏အခြေအနေတည် ငြိမ်မှုမရှိခြင်းက ယူကရိန်းအနေဖြင့် ရုရှားနှင့် တိုက် ခိုက်နေရသည့် အထွေထွေမဟာဗျူဟာကို ပြန်လည်သုံးသပ်လာစေခြင်းဖြစ်ကာ ငြိမ်း ချမ်းရေးကိစ္စသို့ ဦးတည်သွားစေခြင်းဖြစ် ကြောင်း ၎င်းက အလေးပေးပြောသည်။

      ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းဆွေး နွေးမှုများ လုပ်ဆောင်ရန် အသင့်ရှိကြောင်း အကြိမ် ကြိမ်ပြောဆိုထားပြီး ဖြစ်သော်လည်း ယူကရိန်းကမူ ရုရှားဖွင့်ထားသည့် လမ်းကြောင်းအပေါ် လျှောက်လှမ်းလာမှုမရှိခြင်း ဖြစ်သည်။

      ထို့ပြင် ရုရှားအစိုးရသည် ငြိမ်းချမ်းမှုရှိသော လမ်း ကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်မည့် အခြေအနေအတွက် မည်သည့်ကြိုတင်သတ်မှတ်ချက်မျှ ချမှတ် ထားခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

      အလားတူ ရုရှားနိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် မည်သည့် အချိန်ကမျှ ငြင်းဆိုခဲ့ခြင်းမရှိကြောင်းနှင့် ယူကရိန်းအနေဖြင့် ထိုသို့ဆွေးနွေးရေးအတွက် အသင့်ရှိစေရန်သာ လိုအပ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN