မိတ္ထီလာလေတပ်စခန်းမှ လေတပ်သား ၅၀၀ ဦး ရှမ်းမြောက်သို့ ချီတက်ရန်ပြင်ဆင်ဟု မဟုတ်မမှန်လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လေ တပ်စခန်းဌာနချုပ်မှ လေတပ်သား ၅၀၀ ဦး ရှမ်းမြောက်သို့ ချီတက်ရန် ပြင်ဆင်နေကြောင်း မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသား၍ မဲခေါင်သတင်းမီဒီယာမှ လူမှုကွန်ရက်သတင်းစာမျက်နှာများတွင် ဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

      အဆိုပါ သတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက် မီဒီယာများ အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် တပ်မတော်သားများအား စိတ်ဓာတ်ပျက်ပြားစေရန်၊ တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ် ချက်ရှိရှိဖြင့် မဟုတ်မမှန် လုပ်ကြံရေး သားဖြန့်ဝေနေသည့် သတင်းတု သတင်းမှားသာဖြစ် ကြောင်း သိရှိရသည်။

       နိုင်ငံ့တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်း ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်း များနှင့် အေးချမ်းစွာလုပ်ကိုင်၊ နေထိုင်လိုကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ အထင်အမြင်လွဲမှားစေရန် အကြမ်းဖက်မှုလုပ်ရပ်များကို အားပေးလှုံ့ဆော်နေသည့် တရားမဝင် ပြည်ဖျက်မီဒီယာများမှ ကောလာဟလသတင်းများ ရေးသားဖြန့်ဝေခြင်းများ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#PAN