ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီး အကြမ်းဖက် PDF အလောင်း၊ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၁
     
     စစ်ကိုင်းတိုင်းဒေသကြီး ၊ ပုလဲမြို့နယ်အတွင်းသို့  နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံ ရေးတပ်ဖွဲ့များနှင့်  မြကုန်းကျေးရွာအနီးတွင် ပုလဲနဂါးဦး‌ဆောင်သော BNRAအမည်ခံအကြမ်းဖက်အဖွဲ့နှင့် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ထိတွေ့မှုဖြစ်ပွားခဲ့ရာ BNRAအကြမ်းဖက်အဖွဲ့ ဝင်များကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

    ၎င်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် ၄ လောင်း၊ လက်လုပ်စိန်ပြောင်း ၂ လက် ၊ အမ်-၂၂ သေနတ် ၁ လက် ၊ အမ်-၂၂ ကျည်အိမ် ၂ ခု ၊ အမ်-၂၂ ကျည် ၄၀ တောင့် ၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၅ လုံးနှင့် ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

        နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ပုလဲမြို့နယ် ကန်းဒေါင့် ရဲစခန်းကို နဂါးဦးဆောင်သောအဖွဲ့က သာလွန်အင်အားအသုံးပြု၍ ဝင်ရောက်တိုက်ခိုက်သည့်ပွဲတွင် နဂါးဦးဆောင်သောအကြမ်းဖက်အဖွဲ့နှင့် ယင်းမာပင်ခရိုင်အကြမ်းဖက်အဖွဲ့ဝင်ပေါင်း ၁‌၂၀ဦးခန့်ကျဆုံးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်း ၎င်းဒေသခံ၏ပြောပြချက်အရ သိရှိရပါသည်။ သိမ်း ဆည်းရမိခဲ့သော အကြမ်း ဖက် PDF အလောင်းများတွင် BNR ARMY တံဆိပ် ယူနီဖောင်းဝတ် အကြမ်း ဖက် တစ်ဦးကို တွေ့ရှိရသည်။

#PAN