နိုဝင်ဘာ ၃၀ ရက်နေ့ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့အတွင်း တိုက်ပွဲ သတင်းများ

ဒီဇင်ဘာ ၁

      အကြမ်းဖက်သောင်းကျန်းသူ KNPP / KNLA/ KNDF /AA နှင့် PDF အဖွဲ့များက ကယားပြည် နယ်၊ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင် ပြည်နယ်တို့အတွင်း နိုဝင်ဘာ ၃၀ ရက်နေ့တွင် တပ်မတော်စခန်းများ၊ မြို့များကို အင်အားအလွန်အကျွံ အသုံးပြုကာ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များက ခုခံတိုက် ခိုက်ခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ယမန် နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ဆက်စပ်သတင်းများကို မိမိ မြေပြင်သတင်းထောက်များ၏ ပေးပို့လာမှုများကို ဖော်ပြအပ်ပါသည်။

■   ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် အကူရဲတပ်ဖွဲ့မှူးရုံးနှင့် အထက(၂) ကျောင်းများသို့ အကြမ်းဖက်သောင်းကျန်းသူ KNPP / KNDF နှင့် PDF ပူး ပေါင်းအဖွဲ့များက နံနက် ၉ နာရီနှင့် နေ့လည် ၁ နာရီခန့်တို့တွင် အင်အား ၉၀ ဦးဖြင့် ၂ ကြိမ်၊ ၃၀ ဦးခန့်ဖြင့် တစ်ကြိမ် လာရောက်နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူဖက် စုံ စမ်းဆဲဖြစ်သည်။

■   ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်ကလေးရဲကင်းစခန်းအနီး လုံခြုံရေးတပ်ဖွဲ့များနှင့် KNLA တပ်မဟာ ၆ ၊ ရင်း ၁၇ နှင့် PDF ပူးပေါင်းအဖွဲ့ ၄၀ ဦးခန့်တို့က မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူဖက် ထိခိုက်မှု စုံစမ်းဆဲဖြစ်သည်။

■   ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်စခန်းနှင့် နှုံးဘူးစခန်းများသို့ AA  သောင်းကျန်း သူများက နေ့စဉ် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၎င်း စခန်းများတစ်ဝိုက်ရှိ  AA သောင်းကျန်းသူများကို တပ်မ တော်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ကျဆုံးခဲ့ကြောင်း သိရသည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့အတွင်း လုံ ခြုံရေးပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းစဉ် မြသိန်းတန်ဘုရားအနီး၌ လည်း ကောင်း မြိုမရဲစခန်းအနီးနှင့် ထီးချိုင်တံတားသို့လည်းကောင်း အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များမှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခြင်းများဆောင်ရွက်ခဲ့သည်။ လုံခြုံရေးပူးပေါင်းအဖွဲ့ဖက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူဖက်မှ ထိခိုက်မှုစုံစမ်းဆဲဖြစ်သည်။

■   ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဆိတ်ဖူးခင်ကျေးရွာတွင် PDF များရောက်ရှိနေကြောင်း ဒေသခံရွာသားများ၏ လျှို့ဝှက်သတင်းပေးပို့မှုအရ တပ်မ တော်စစ်ကြောင်းက သွားရောက်ရှင်း လင်းစဉ် ကျေး ရွာအဝင်သို့အရောက် အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မဟာ(၃)၊ ရင်း (၈) နှင့် PDF ပူးပေါင်း ၅၀ ဦးခန့်က စတင်ပစ်ခတ်ရာ တပ်မတော်စစ်ကြောင်းဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဥ်တွင် အကြမ်းဖက်သောင်းကျန်းသူဖက်မှ ထိခိုက်မှုစုံစမ်းဆဲဖြစ်ပြီး တပ်မတော်စစ်ကြောင်းဖက်မှ စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

■   ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊(၁၁) ရပ် ကွက်၊ ကျုံမရေ-ဘုရားပျိုသွား ကားလမ်းပေါ်ရှိ ကျုံမရေ ရေထိန်းတံခါးအနီး၊ (၁၂) ရပ်ကွက်ရှိ ရေကျော်ဘုန်းကြီးကျောင်းအနီးနှင့် ခရမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအဆောက်အဦရှေ့သို့  PDF အကြမ်းဖက်များက  Drop Bomb ၁ လုံးစီဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ လူထိ ခိုက်မှုမရှိကြောင်း သိရသည်။

■   ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အထကစာ သင်ကျောင်းသို့ နေရာ ၂ နေရာမှ AA သောင်း ကျန်းသူ ၁၃၀ ဦးခန့်က မွန်းလွဲ ၂ နာရီအချိန်ခန့်​တွင် လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်ဖက်မှ လေကြောင်း/ရေကြောင်းပစ်ကူရယူ၍ ပြန် လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ဖြစ်စဥ်တွင် တပ်မတော်ဖက်မှ စစ်သည် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA သောင်းကျန်းသူဖက် ထိ ခိုက်မှုစုံစမ်းဆဲဖြစ်သည်။

#PAN