နိုင်ငံတွင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် အဓိက လိုအပ်သော ဒီဇယ်ဆီကို ယခင်ထက်ပိုမို၍ အလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိခြင်း

ဒီဇင်ဘာ ၁

    ပြည်တွင်းသုံးစွဲရန် စက်သုံးဆီလိုအပ်ချက်အား ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် နိုင်ငံတော်အနေဖြင့် လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင် ရွက်ပေးလျက်ရှိသဖြင့် လက်ရှိ ပြည်တွင်းစက်သုံးဆီရောင်းဈေးနှုန်းများသည် အာဆီယံဒေသတွင်းနိုင်ငံများထက် များစွာ လျော့နည်းသက်သာလျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

          နိုင်ငံတွင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ တည် ငြိမ်စေရေးအတွက် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည် ဆောက်ရေးလုပ်ငန်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ တွင်းထွက်တူးဖော်ရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများတွင် အဓိကသုံးစွဲသော ဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် နိုင်ငံတော် အနေ ဖြင့် ပိုမိုအလေးထား ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

          စက်သုံးဆီဈေးနှုန်းသည် အဓိကအားဖြင့် ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်းသည့် စင်္ကာပူနိုင်ငံမှ ထုတ်ပြန်သော MOPS ဈေးနှုန်းနှင့် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းတို့အပေါ် မူတည်၍ အတက် /အကျ ဖြစ်ပေါ်ပါ သည်။

          သီလဝါဆိပ်ကမ်းဒေသကြီးတွင် ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ဆိုက် ကပ်လျက်ရှိပြီး သက်ဆိုင်ရာသိုလှောင်ကန်စခန်းများမှတစ်ဆင့် နိုင်ငံတစ်ဝမ်းသို့ စက်သုံးဆီများ လိုအပ်သလို ဖြည့် တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိပါ သည်။

#PAN