ဂျပန်ကုမ္ပဏီ ၂၉၀ နီးပါးက မြန်မာလုပ်သား ၈၀၀ ကျော် ထပ်မံခေါ်ယူ

ဒီဇင်ဘာ ၁

     ဂျပန်ကုမ္ပဏီ ၂၉၀ နီးပါးက မြန်မာလုပ်သား ၈၀၀ ကျော် ထပ်မံခေါ်ယူမည်ဟု ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက နိုဝင်ဘာလ ၃၀ ရက်တွင် အသိပေးထုတ်ပြန်ထားပါသည်။ ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သားများခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ၂၈၈ ခု ပေးပို့ခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၃၀၀ ကျော်နှင့် အမျိုး သမီး ၅၀၀ ကျော်ကို ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရပါသည်။

      သံရုံးအနေနှင့် ဂျပန်ကုမ္ပဏီများက ပေးပို့ထားသည့် အလုပ်ကမ်းလှမ်းစာများကို နိုဝင်ဘာလ ၁၆ ရက်မှ ၃၀ ရက်အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည်။ ပြီးခဲ့သည့်နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း၌ ဂျပန်ကုမ္ပဏီ ၃၀၀ ကျော်က မြန်မာလုပ်သား ၈၀၀ ကျော် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး နိုဝင် ဘာလ တစ်လအတွင်း ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သားခေါ်ယူမှု ၁,၆၀၀ ရှိပြီဖြစ်သည်ဟု သံရုံးစာရင်းများအရ သိရပါသည်။

       သံရုံးအနေနှင့် အလုပ်ကမ်းလှမ်းစာများကို စိစစ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ် ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများမှာ ဂျပန်နိုင်ငံ၌ တရားဝင်တည် ထောင်ထားခြင်း ရှိ၊ မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီး ဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ထားပါသည်။

#PAN