ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဆွေး နွေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken အစ္စရေးသို့ ရောက်ရှိ

ဒီဇင်ဘာ ၁

      အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony
Blinken သည် အစ္စရေးတိုက်ခိုက်မှု နောက်ပိုင်း ၎င်း ၏ တတိယမြောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၃၀ ရက်၊
ကြာသပတေးနေ့တွင် တဲလ်အဗစ်မြို့သို့ ရောက်ရှိ
လာခဲ့ကြောင်း သိရှိရသည်။

        Blinken သည် ဂါဇာမှ စစ်သွေးကြွများက ဖမ်း ဆီးထားသည့် ဓားစာခံများလွှတ်ပေးပြီးအစ္စရေးက ဖမ်းဆီးအကျဉ်းချထားသည့် ပါလက်စတိုင်းများကို အကျဉ်းထောင်များမှ လွှတ်ပေးရန်နှင့် ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှု တိုးမြှင့်ကူညီဆောင်ရွက်နိုင်ရန်တို့အတွက် ယာယီ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရေး ဆွေးနွေးရန် အစ္စရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဖို့ စီစဉ်ထားသညိဟု ဆိုသည်။

        ၎င်း၏ခရီးစဉ်အတွင်း Blinken သည်အနောက်ဘက်ကမ်းသို့ သွားရောက်ရန် မျှော်လင့်ထားပြီး ပါလက်စတိုင်းသမ္မတ Mahmoud Abbas နှင့်လည်း တွေ့ဆုံဖွယ်ရှိသည်ဟု ပါလက်စတိုင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

       ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းတွင် ကြီး မားသော စစ်ဆင်ရေးများ စတင်ပါက အစ္စရေး၏ ခုခံကာကွယ်ခွင့်ကို ပံ့ပိုးပေးရန် ဝါရှင်တန်က ဆက်လက် ကတိပြုထားကြောင်း Blinken က ပြောကြားခဲ့သည်။

       သို့သော်လည်း အဆိုပါထောက်ပံ့မှုသည် အစ္စရေး ၏ “နိုင်ငံတကာ လူသားချင်းစာနာထောက် ထားမှုဥပဒေနှင့်အညီ လိုက်နာရန် လိုအပ်ကြောင်း” နှင့် အရပ် သားထိခိုက်မှုမဖြစ်စေရန် ဖြစ်နိုင်သည့် အတိုင်းအတာအားလုံးကို လုပ်ဆောင်ရန် အစ္စရေးကို တိုက်တွန်းခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားခဲ့သည်။

#PAN