အေဒင်ပင်လယ်ကွေ့၌ ရောက်ရှိနေသည့် အမေရိကန်လေယာဉ်တင်သင်္ဘောကို ခြေရာခံဖော်ထုတ်နိုင်ဟု အီရန်တပ်မတော်ပြောကြား

နိုဝင်ဘာ ၃၀

      အီရန်တပ်မတော်သည် အေဒင်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်အတွင်း၌ ရောက်ရှိနေသည့် အမေရိကန် လေယာဉ်တင်သင်္ဘောကို ခြေရာခံဖော် ထုတ်နိုင်ခဲ့ကြောင်း တရားဝင်သတင်းအေဂျင်စီ အိုင်နာက နိုဝင် ဘာ ၂၈ ရက်တွင် ပြောကြား သည်။

        ယင်းလေယာဉ်တင်သင်္ဘောဟော်မုဇ်ရေ လက် ကြားအတွင်းရှိနေမှုကို အီရန်အစောင့်တပ်ဖွဲ့၏ရေတပ်တပ်ဖွဲ့ဝင်များနှင့် ကြည်းတပ်၏ တပ်ဖွဲ့များအကြား သတင်းအချက်အလက် ဖလှယ်ခြင်းမှတစ်ဆင့် ခြေရာခံကာ ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

       ဒေသတွင်း ရေပိုင်နက်အတွင်း အမေရိကန်
လေယာဉ်တင်သင်္ဘော တည်ရှိနေခြင်းသည် ဒေသတွင်းလုံခြုံရေးကို တိုးတက်ကောင်းမွန်အောင် အထောက်အကူမပြုဘဲတင်းမာမှုနှင့် မလုံခြုံမှုများကို တိုးပွားလာစေသည်ဟု အီရန်အဆင့်မြင့် တပ်မှူးများနှင့် တာဝန်ရှိသူများက ပြောသည်။

       ဒေသတွင်းနိုင်ငံများက ပြည်ပဝင်ရောက် ဒေသ တွင်းလုံခြုံရေးကို စွက်ဖက်မှုမရှိခြင်းဖြင့် အာမခံနိုင်ပြီး အမေရိကန်၏ တည်ရှိနေမှုကို မလိုအပ်ကြောင်း မှတ်ချက်ပြုပြောကြားသည်။ ၎င်းလေယာဉ်တင် သင်္ဘော USS Dwight D. Eisenhower သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကျော်ပြီး မဟာဗျူဟာမြောက်ရေလမ်းကို ကင်းလှည့်မည်ဟု ကြေညာထားကြောင်း သိရသည်။

#PAN