အားကောင်းသောလေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်

နိုဝင်ဘာ ၃၀

       ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်း ထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည် ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့ လျားနိုင်ပြီး၊ နောက် (၁၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

       ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့ လျားနိုင်ကာ၊ (၂.၁၂.၂၀၂၃)ရက်နေ့ တွင် ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော် အရှေ့တောင်ပိုင်းတို့၌ ဆိုင်ကလုန်းမုန် တိုင်း (Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားပါသည်။

#PAN