သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ ၊ ကျိုက္ကော်ရပ်ကွက်၊တိုင်ကောက်လမ်းဝရှိ မုန့်ဟင်းခါးဆိုင်အနီး အမျိုးသား ၁ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ


နိုဝင်ဘာ ၃၀

ယနေ့  နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ ၊ ကျိုက္ကော်ရပ်ကွက်၊ တိုင်ကောက်လမ်းဝရှိ မုန့်ဟင်းခါးဆိုင်အနီးတွင် အမျိူသား ၁ ဦးကို လူသတ်အကြမ်းဖက်သမား PDF  ၂ ဦးက သေနတ်အတိုဖြင့် ၃ ချက်ခန့် ပစ်ခတ်သွားကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ဦးသန်းနိုင်(ကိုယ်ရေးအချက်အလက်စီစစ်ဆဲ)သည် မုန့်ဟင်းခါးဆိုင်မှ မုန့်ဟင်းခါးစားပြီး ၎င်း၏ ယာဥ်ပေါ်သို့ ပြန်လည် သွားရောက်စဥ် လူသတ်အကြမ်းဖက်သမား PDF ၂ ဦး(စီစစ်ဆဲ)က ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး ပစ်ခတ် သွားကြောင်း၊ အဆိုပါပစ်ခတ်ခံရမှုကြောင့် ဦးသန်းနိုင်၏ ညာရင်အုံတွင် ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် သိမ်ဆိပ်တိုက်နယ် ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားကြောင်းသိရှိရပါသည်။

PAN