ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မူးမြို့ နယ်ရှိ ကျေးရွာများကို တပ်မတော်မှ လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၂ ပါးနှင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရသည်ဟု သတင်းတု၊ သတင်းအမှားများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ

နိုဝင်ဘာ ၃၀

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အံဖလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ လက်နက်ကြီးကျည် ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ရေချမ်း စင်တို့ ထိမှန်ပျက်စီးကာ ဘုန်း ကြီး ၂ ပါး လက်နက် ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်မီဒီယာ များက သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

        ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာနှင့်ပတ် ဝန်း ကျင် အနီးတစ်ဝိုက်တွင် တပ်မတော်မှ လက် နက်ကြီးပစ်ခတ်မှု လုံးဝ(လုံးဝ)ပြုလုပ်မှုမရှိကြောင်း တပ်တွင်း သတင်းများအရသိရှိရပြီး အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ မြို့၊ ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦ များအား လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းသာဖြစ် ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်၊ အံဖလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး ၂ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ သာသနိကအဆောက်အဦအချို့ ပျက်စီးခဲ့ပါသည်။

        အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေ ဖြင့် အကြမ်းဖက်သောင်းကျန်းသူ များ၏ လုပ်ရပ်များအား ဖုံးကွယ်ပေးရန်အတွက် တပ်မ တော်ကို အပြစ်ပုံချကာ ဒေသခံပြည်သူများ၊ သာသနာနွယ်ဝင် ရဟန်း၊သံဃာတော်များနှင့် တပ်မတော်သားများ အကြား အထင် အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံ သတင်းများ ရေးသားကာ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေအဆိပ်ခတ်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN