အကြမ်းဖက်သောင်းကျန်းသူများက လူမှုကွန်ယက်တွင် ကော့ကရိတ်မြို့နယ်ရှိ အစိုးရ၀န်ထမ်းများအား မြို့မှထွက်ခွာသွားရန် ခြိမ်းခြောက်စာ ထုတ်ပြန်မှုကြောင့် ဝန်ထမ်းများအပါအဝင် မြို့ခံပြည်သူများ အခြားဒေသသို့ တိမ်းရှောင်

နိုဝင်ဘာ ၂၉

       ကရင်​ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အစိုး ရယန္တာရားလည် ပတ်ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာအဖွဲ့များအား အခြေအမြစ် မရှိသော Facebook Page တစ်ခုဖြစ်သည့် ကော့ကရိတ်တောင်ဘက်ခြမ်းနယ်မြေမှ အကြမ်းဖက်သောင်း ကျန်းသူများ၏ Taw Naw FM မှ ကော့ကရိတ်မြို့ရှိ အစိုးရယန္တာရားတွင် လည်ပတ်လူပ်ရှားဆောင် ရွက်နေသော အစိုးရ၀န်ထမ်းများအား မြို့မှထွက်ခွာသွားရန် ၇ ရက်အချိန်ပေးကြောင်း နို၀င်ဘာ ၁၇ ရက်စွဲဖြင့် ခြိမ်းခြောက်စာ တစ်စောင်ကို ဆိုရှယ်မီဒီယာတွင် ထုတ်ပြန်ခဲ့ပါသည်။

    အဆိုပါခြိမ်းခြောက်စာသည် ထုတ်ပြန်သည့်အဖွဲ့အစည်း၏လက်မှတ်၊ တာ၀န်ယူသူ၏ လက် မှတ်မပါဘဲ   သတင်းအရင်းအမြစ်ခိုင်လုံမူမရှိ၊  မည်သည့် အဖွဲ့အစည်းကမှ တာ၀န်ယူမူ တာ၀န်ခံမူမရှိသော ခြိမ်း ခြောက်စာ တစ်စောင်သည် လူမှုကွန်ယက်ပေါ်တွင် ပျံနှံလာခဲ့ရာ နို၀င်ဘာ ၁၈ ရက်နေ့မှစ၍  အစိုးရ၀န်ထမ်းများ အစိုးရိမ်လွန်ပြီး တိမ်ရှောင်ကြရာ နို၀င်ဘာ ၂၁ ရက်တွင် ဌာနဆိုင် ရာ၀န်ထမ်းအများစုမှာ ထွက်ခွာကြပြီး အုပ်ချုပ်ရေးယန္တာရားမှာ ရာနှုန်းပြည့် လည်ပတ်နိုင်ခြင်းမရှိကြောင်း သိရပါသည်။

      အစိုးရ၀န်ထမ်းများထွက်ခွာသွားမူကြောင့် ဒေသခံပြည်သူတစ်ချို့မှာလည်း သတင်းအမှားများယုံကြည်ပြီး မြို့မှ ခေတ္တရှောင်တိမ်းထွက်ခွာခဲ့ကြသည်။ နို၀င်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သောင်း ကျန်းသူများ ကော့ကရိတ်မြို့အစွန်နေရာများအား ချဥ်းကပ်နေချိန်တွင် လုံခြုံရေးတာ၀န်ထမ်းဆောင်သူ များက အချိန်မီသတင်းကြိုတင်ရရှိမူကြောင့် လက် နက်ကြီးများဖြင့် ဟန့်တားပစ်ခတ်ခဲ့ပါသည်။ ထိုနေ့ဖြစ်စဥ်ကြောင့် မြို့နေပြည်သူတချို့မှာ ထပ်မံထွက် ပြေး ရှောင်တိမ်းခဲ့ကြသည်ဟု သိရပါသည်။

      နို၀င်ဘာ ၁၇ ရက်မှ နို၀င်ဘာ ၂၉ရက်ယနေ့ထိ အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့အား၀င်ရောက်စီးနင်းခြင်း၊ ပစ်ခတ်နှောင့်ယှက်ခြင်း၊ အကြမ်းဖက်မူတစုံတရာမှ ဖြစ်စဥ်မရှိဘဲ မြို့လုံခြုံရေးအဖွဲ့မှလည်း မြို့အားလုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်ပေးနေပြီး သတင်းရလျှင်ရချင်း လုံခြုံရေးကိစ္စများကို အချိန်နှင့်တပြေးညီ ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့ကြသည်ဟု မြို့ခံများက ဆိုသည်။

       မြို့မှ အကြောင်းအမျိုးမျိုးကြောင့်မထွက်ခွာဘဲ ကျန်ရှိနေသူ တစ်ချို့ရပ်ကွက်တွင်းတွင် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်း၍ ရွေ့ပြောင်းသွားလာမရသည့် ဒေသခံမြို့နေပြည်သူ များကျန်ရှိနေခဲ့ကြသည်။ ကျန်ရှိနေသောဒေသခံပြည်သူများမှ ရပ် ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများအားလိုအပ်သည့်အကူအညီများပေးခြင်း၊ ရပ်ကွက်အတွင်းလူမရှိသည့်နေအိမ်များ ဖောက် ထွင်းမခံရအောင် ကြည့်ရူစောင့်ရှောက်ပေးခြင်း တစ်ဦးနှင့် တစ်ဦးရိုင်းပင်းကူညီသောစိတ်ဓါတ်ဖြင့်နေထိုင်ကြသည်။

     ယခုကော့ကရိတ်မြို့အခြေအနေမှာ ပြည်သူအများအပြား ယုံကြည်နေသော ကော့ကရိတ်မြို့ ပျက်စီးသွားပြီ၊ မြို့ပျက်သွားပြီဆိုသောသတင်းမှာ အမှားသာဖြစ်ပြီး ယနေ့အချိန်တွင် မဟုတ်မှန်ကြောင်း၊ အစိုးရ၀န်ထမ်းများမရှိ၍ အုပ်ချုပ်ရေးယန္တာရား ရာနှုန်းပြည့် မလည်ပတ်နိုင်ခြင်းမှလွဲ၍ ကော့ကရိတ်မြို့မှာ မြို့အကောင်းအတိုင်း၊ ပကတိအတိုင်းရှိကြောင်း၊ မြို့ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးအိုးရေးအတွက်ဆောင်ရွက်ပေးနေသောလုံခြုံရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ၊ အေးချမ်းစွာနေထိုင်ကြသောပြည်သူများဖြင့် ကော့ကရိတ်မြို့မှာယနေ့အချိန်ထိအေးချမ်းသော မြို့လေးအဖြစ် တည်ရှိနေကြောင်း သတင်းရရှိပါ သည်။

#PAN