လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

နိုဝင်ဘာ ၂၉

     ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်း ထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော် အရှေ့တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိ နေပါ သည်။

      အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား ကောင်းလာနိုင်ပြီး၊ နောက်(၁၂)နာရီအတွင်း အား ကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ (၃၀.၁၁.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ (၂.၁၂.၂၀၂၃) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

#PAN