ရုရှား၏ရေတပ်ဒရုန်းအသစ်များက ယူကရိန်းကမ်းရိုးတန်းများကို ဘေးသင့်စေမည်

နိုဝင်ဘာ ၂၉

      ရုရှားတပ်မတော်အနေဖြင့် မကြာမီရေတပ်ဒရုန်းအသစ်များကို လက်ခံရရှိတော့မည်ဖြစ်ပြီး ထိုဒရုန်းများသည် ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းပစ် မှတ်များကို တိုက်ခိုက်နိုင်သောကြောင့် ယူကရိန်းကမ်းရိုးတန်းများကို ဘေးသင့်စေမည် ဖြစ် ကြောင်း သိရသည်။

      အဆိုပါမောင်းသူမဲ့လှေများကို ယူကရိန်းနှင့် ပဋိ ပက္ခဖြစ်ပွားနေသည့် နယ်မြေတွင် စမ်းသပ်သွားမည် ဖြစ်ကြောင်းနှင့် ရုရှားတပ်မတော်သို့ ယခုနှစ်ကုန်တွင် လွှဲပြောင်းပေးသွားမည်ဖြစ် ကြောင်း Kingisepp Machine Building Plant မှ ဦးဆောင်ညွှန်ကြားရေးမှူး မီခေးဒါနီလန်ကို က ပြောသည်။

     ထိုမောင်းသူမဲ့လှေတစ်စင်းစီသည် တစ်နာရီလျှင် ၈၀ ကီလိုမီတာအမြန်နှုန်းဖြင့် သွားလာနိုင်ကာ ဖောက်ခွဲရေးပစ္စည်း သို့မဟုတ် စစ်လက်နက် ပစ္စည်း ကီလိုဂရမ် ၆၀၀ အထိကို သယ်ဆောင်နိုင်သည်။

      ယင်းရေတပ်ဒရုန်းများသည် စစ်ရေယာဉ်များအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည့်အပြင် ကမ်းရိုးတန်းရှိပစ်မှတ်များကိုလည်း တိုက်ခိုက်နိုင်မည်ဖြစ်ကြောင်း ရုရှားစစ်သမိုင်းပညာ ရှင် ယူရီနူတော့ က ပြောသည်။ ထို့ပြင် လက်ရှိတွင် ရေတပ်ကိုပိုင်ဆိုင်ထားခြင်းမရှိသည့် ယူကရိန်း၏ ကမ်းရိုးတန်းရှိပစ်မှတ်များကို ထိုဒရုန်းများက ခြိမ်းခြောက်နိုင်မည်ဖြစ်သကဲ့သို့ ယူကရိန်းအလံလွှင့်ထူလာနိုင်သော မည်သည့်စစ်သင်္ဘောမဆို သည်လည်း ထိုဒရုန်းများ၏ ပစ် မှတ်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြော သည်ဟု Sportnik သတင်းဌာနက ဖော်ပြထားသည်။

#PAN