ချောက်မြို့၊ မြို့နယ်စည်ပင်သာယာရေး ဥက္ကဌ ရုံးဆင်းအိမ်အပြန် အကြမ်းဖက် PDF အနီးကပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

နိုဝင်ဘာ ၂၉

       မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ မြို့နယ်စည် ပင်သာယာရေး ဥက္ကဌ ဦးသန့်ဇင်ဦး ကို အကြမ်း ဖက် PDF အဖွဲ့က ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ် ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ  ဦးသန့်ဇင်ဦး သည် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် စည်ပင်ရုံးမှ နေအိမ်သို့ ဆိုင်ကယ်စီးပြီး ပြန်လာစဥ်  အမှတ်(၉)ကင်းမွန်းခြုံရပ်၊ သန့်သန့်လျှပ်စစ်ပစ္စည်းဆိုင်ရှေ့အရောက်တွင်နောက်မှကပ်၍ လိုက်ပါလာသော ဆိုင်ကယ်ပေါ်မှ အကြမ်းဖက်သမား တစ်ဦးက ဦးသန့်ဇင်ဦး ၏ ဦးခေါင်းကို အနီးကပ် သေ နတ်ဖြင့် နှစ်ချက်ပစ်ခတ်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

      ပစ်ခတ်သတ်​ဖြတ်သူ အကြမ်းဖက်သမားမှာ တစ်ဦးတည်း ဆိုင်ကယ်စီးနင်းလာပြီး ၎င်းနောက် မှ အကြမ်းဖက်သမားက ဆိုင်ကယ်ဖြင့် ကပ်၍ လိုက်ပါလာပြီး မှတ်တမ်းဗွီဒီယိုရိုက်ကူးခဲ့သည်ကို တွေ့ရှိရပါသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန့်ဇင်ဦး တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါ သည်။

#PAN