ချောက်စည်ပင်သာယာဥက္ကဋ္ဌကို အကြမ်းဖက်သမားတွေ လုပ်ကြံ သေနတ်ဖြင့်လုပ်ကြံခံရ

နိုဝင်ဘာ ၂၉


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌ ဦးသန့်ဇင်ဦးကို PDF အကြမ်းဖက်သမားများမှ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ကြောင်းသိရသည်။


ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မြို့နယ်စည်ပင်ရုံးမှ နေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက်သမားများမှ သေနတ်ဖြင့် သုံးချက်ပစ်ခတ်လုပ်ကြံပြီး ထွက်ပြေးသွားကြောင်းသိရသည်။
ပစ်ခတ်ခံရသူ ဦးသန့်ဇင်ဦးကို မကွေးဆေးရုံကြီးသို့ပို့ဆောင်ရန်စီစဥ်လျက်ရှိပြီး အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်းသိရသည်။