အီရန်တပ်မတော်က ဂါဇာဒေသခံများကို ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်မည်

နိုဝင်ဘာ ၂၈

       အီရန်တပ်မတော်က ဂါကမ်းမြောင်ဒေသရှိ ပြည်သူများအား ဆေးဘက်ဆိုင်ရာအကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း အီရန်တပ်မ တော် ထိပ်တန်းတပ်မှူးတစ်ဦးက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု တရားဝင်သတင်း အေဂျင်စီ IRNA ၏ သတင်း တစ်ရပ်အရ သိရသည်။

      အီရန်တပ်မတော် ထိပ်တန်းတပ်မှူး Abdolrahim Mousavi သည် ၎င်းအကူအညီပေးရေးတာဝန်ထမ်းဆောင်မည့် မြို့တော် တီဟီရန်ရှိ AJA (အစ္စလာမ္မစ်သမ္မတနိုင်ငံ) တပ်မတော် ဆေးသိပ္ပံတက္ကသိုလ်မှ ကျောင်းသားများနှင့် သူနာပြုများအား ဂုဏ်ပြုအမှာစကား ပြောကြား ခဲ့သည်။

       “ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းပြည်သူတွေကို ဆေးဝါးဆိုင်ရာ အကူအညီပေးဖို့ အဆင် သင့်ဖြစ်နေကြောင်း အီရန်အာဏာပိုင်တွေနဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေကို အကြောင်းကြားထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

      ပြီးခဲ့သည့် သီတင်းပတ်က စစ်ဘေးသင့် ဂါဇာကမ်းမြောင်သို့ စေတနာ့ဝန်ထမ်းသမားတော်များနှင့် သူနာ ပြုများအား စေလွှတ်ရန် အဆင်သင့်ဖြစ်နေပြီဟု အီရန် ကျန်းမာရေးဝန်ကြီး Bahram Einollahi က မှတ်ချက်ပြု ပြောကြားသည်။

      ဟားမတ်စ်နှင့် အစ္စရေးတို့သည် ဂါဇာကမ်း မြောင်ဒေသတွင် လေးရက်ကြာ အပစ်အခတ် ရပ်စဲရေးအတွက် ယခုသီတင်းပတ်အစောပိုင်းတွင် သဘောတူညီချက်တစ်ရပ်ရရှိခဲ့သည်။ ၎င်း သဘောတူညီချက်အရ ဟားမတ်စ်သည် အစ္စရေးတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းအကျဉ်းသား ၁၅၀ ခန့်ကို လဲ လှယ်ရန်အတွက် ဂါဇာမှ အစ္စရေးသုံ့ပန်း ၅၀ ထက်မနည်းကို လွှတ်ပေးမည်ဖြစ်သည်။

#PAN