အစ္စရေး – ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး ၂ ရက် သက်တမ်းတိုးမြှင့်ခြင်း အပါအဝင် အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင် ဒေသ စစ်ပွဲ ၅၂ ရက်မြောက်နေ့ နောက်းဆုံးရ ဆက်စပ်သတင်းများ

နိုဝင်ဘာ ၂၈

      ဟားမတ်စ်တို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့်
အစ္စရေးတို့မှ စစ်ပွဲအဖြစ် ကြေညာခဲ့ရာ ၅၂ ရက်သို့
ရောက်ရှိလာခဲ့ပြီး အစ္စရေးနှင့် ဟားမတ်စ် နှစ်ဖက်
စလုံးမှ သတင်းထပ်မံထုတ်ပြန်မှု မရှိသဖြင့် သေဆုံး၊
ထိခိုက်၊ ဒဏ်ရာရစာရင်း ပြောင်းလဲမှုမရှိကြောင်း၊
ဟားမတ်စ်ဖက်မှ နိုဝင်ဘာ ၂၇ ရက်၊တနင်္လာနေ့တွင် ကလေးသူငယ် ၉ ဦးနှင့် မိခင် ၂ ဦး၊စုစုပေါင်း ၁၁ ဦး လွှတ်ပေး၍ အစ္စရေးဖက်မှ ကလေး ၃ဝ ဦး အပါ စုစု
ပေါင်း ၃၃ ဦး ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း၊ မြို့
ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားညွန့်ပေါင်း
အဖွဲ့၊ အဖွဲ့ဝင် Talaat Abdel Qawy က သူတို့အဖွဲ့
သည် စုစုပေါင်း ကုန်တင်တန်ချိန် ၉၀၀၀ တင်ဆောင်
ကာ ဂါဇာကမ်းမြှောင်သို့ အကူအညီပေးရေး ထရပ်
ကား ၉၇၅ စီးကို စေလွှတ်ခဲ့သည်ဟု Egypt Today
Magazine သတင်းအရ သိရသည်။

၅၂ ရက်မြောက်နေ့ ထူးခြားသတင်းများ

■   ဓားစာခံ ၂ဝ ဦးလွှတ်ပေး၍ အပစ်အခတ်ရပ်စဲရေး ၄ ရက် သက်တမ်းတိုးရန် ဟားမတ်စ် အဆိုပြုချက်ကို ၂ ရက် ဆက်လက် သက်တမ်းတိုးမြှင့်

      နိုဝင်ဘာ ၂၇ ရက်၊တနင်္လာနေ့တွင် ဓားစာခံသဘောတူညီချက်ကို ညှိနှိုင်းနေဆဲဖြစ်သော ကြောင့် အစ္စရေး – ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးအား ၄ ရက် သက်တမ်းတိုးပေးခြင်းဖြင့် အစ္စရေးဓားစာခံ ၂၀ ဦး ကို လွှတ်ပေးရန် အဆိုပြုချက်အသစ်တစ်ရပ်အား Wall Street Journal သတင်းအရ ဂျေရုဆလင်ပို့စ် နံက်ပိုင်းသတင်းတွင် ဖော်ပြခဲ့ကြောင်း၊ နောက်ဆုံးအခြေအနေအရ အပစ်အခတ် ရပ်စဲရေးကို ၂ ရက် သက်တမ်းတိုးမြှင့်၍ ဟားမတ်စ်တို့ဖက်မှ ဖမ်းဆီးထားသည့် အစ္စရေးနိုင်ငံသား ၂၀ ဦးကို လွှတ်ပေးပြီး အပြန်အလှန်အားဖြင့် အစ္စရေးတို့ ဖမ်းဆီး အကျဉ်းချထားသည့် ပါလက်စတိုင်း အမျိုးသမီးနှင့် ကလေး ၆၀ ဦးကို လွှတ်ပေးမည်ဖြစ်ကြောင်း Egypt Today Magazine သတင်းအရ သိရှိရသည်။

■   IDF ၏ ထိပ်တန်းတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ရှိ ရှီဖာဆေးရုံကို ဖြိုခွင်းခဲ့ခြင်း

        IDF မှ အထူး Shaldag တပ်ဖွဲ့သည် ဟားမတ်စ်အကြမ်းဖက်သမားများကို ပိုမိုဖမ်းမိစေရန် Shifa
ဆေးရုံ complex တံတိုင်းကို ထိုးဖောက်ဝင်ရောက်
ရန် ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခဲ့
ကြောင်း၊ ဗိုလ်မှူးကြီး “B” ဦးဆောင်သော Shaldag
အထူးတပ်ဖွဲ့များသည် ဟားမတ်စ်၏ အရေးအကြီး
ဆုံး အရာဖြစ်သည့် Shifa ဆေးရုံကို သိမ်းပိုက်ရာ
တွင် ၎င်းတို့၏အခန်းကဏ္ဍအတွက် သမိုင်းတွင် အမှတ်မိဆုံး ဖြစ်နိုင်ကြောင်း၊ တနင်္လာနေ့တွင် B သည် Shaldag ၏ဗျူဟာနှင့် Shifa ကို ဒုတိယအကြိမ်မြောက် သိမ်းပိုက်ခြင်းအတွက် စစ်သတင်း ထောက်များအား အသေးစားအကျဉ်းချုပ်ရှင်းလင်း ချက် တစ်ခု ပြုခဲ့ကြောင်း သိရသည်။

       Shaldag တပ်ဖွဲ့များသည် တစ်ခန်းမှတစ်ခန်းသို့ ရွေ့လျားနေပြီး အဆောက်အအုံတစ်ခုမှ ဟားမတ်စ် စစ်ဘက်ဆိုင်ရာပစ္စည်းများကို တွေ့ရှိခဲ့ရကြောင်း၊ အထူးလေ့ကျင့်ထားသော Oketz တပ်ဖွဲ့မှ ခွေးများကလည်း ဟားမတ်စ် အကြမ်းဖက်သမားများကို ရှာဖွေရန်နှင့် ပေါက်ကွဲစေတတ်သည့် မိုင်းများရှာဖွေရန် မကြာခဏ ရှေ့က သွားလေ့ရှိခဲ့ကြောင်း၊ အထူးတပ် Shaldagi Oketzi Yahalom Shifa ဆေးရုံတစ်ဝိုက် Hamas ၏ ကျယ်ပြောလှသော မြေအောက်ဥမင်ကွန်ရက်ကို ရှာဖွေပြီး ထိုးဖောက်ဝင်ရောက်ခဲ့ကြောင်း၊ တပ်ဖွဲ့ ၅၀၄ နှင့် Shin Bet တို့မှ ဆေးရုံပရဝုဏ်တွင် ထောက်လှမ်းသတင်း စုဆောင်းရန် ဟားမတ်စ်တပ်ဖွဲ့ဝင်အချို့ကို အသက်ရှင်နေစေရန် အထူးအမိန့်ပေးထားပြီး အချိန်နှင့်တပြေးညီ စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း သိရသည်။

      ဆေးရုံ အဆောက်အအုံတိုင်းတွင် ဟားမတ်စ်
လက်နက်များ၊ ထောက်လှမ်းရေး သို့မဟုတ် နှစ်ခု
စလုံးကို ရှုတ်ထွေးစွာဖြင့် ဖုံးကွယ်ထားပြီး MRI စက်
ဘေးရှိအခန်းမှ လက်နက်အများအပြားရရှိခဲ့ကာ၊
ပါလက်စတိုင်း လူနာများနှင့် ဆရာဝန်များသည်
(အန္တရာယ်မဖြစ်စေရန် ၎င်းတို့၏ အထောက်အထား
များကို အမည်မဖော်ဘဲ ထားရှိခြင်း) ဟားမတ်စ်၏
စစ်လက်နက်ပစ္စည်း ဝှက်ထားသောနေရာ အများ
အပြားရှိရာကို IDF တပ်ဖွဲ့များသို့ အချက်ပြခဲ့၍
Shifa ဆေးရုံဧရိယာမှ လက်နက်များ၊ ခဲယမ်းများ၊
လက်ပစ်ဗုံးများ၊ ဆေးဘက်ဆိုင်ရာ ကွန်တိန်နာများ
တွင် အသွင်ယူထားသော စစ်ဘက်ဆိုင်ရာ ကိရိယာ
များနှင့် ဆန့်ကျင်ရေးပစ္စည်းများ၊ မြေအောက်ဥမင်
လှိုဏ်ခေါင်းများနှင့် ဓါးစာခံများသိုဝှက်သိမ်းဆည်း
ထားခဲ့ရာမှ ရွှေ့ပြောင်းသွားသည့် အထောက်အထား
သက်သေများ၊ အကြမ်းဖက်အဖွဲ့များ မူလနေထိုင်ရာ
နေရာများကို ဖော်ထုတ်ရရှိခဲ့ကြောင်း ဂျေရုဆလင်ပို့စ်သတင်းအရ သိရသည်။

■   ဂါဇာအခြေစိုက် ဟားမတ်စ်၏ အရှေ့ဂျေရုဆ လင်ရေးရာ ပြောရေးဆိုခွင့်ရှိသူကို ဖယ်ရှားခဲ့ခြင်း

       ဟားမတ်စ် အရှေ့ဂျေရုဆလင်ရေးရာ ပြောရေး
ဆိုခွင့်ရှိသူ Muhammad Hamada ကို ဂါဇာရှိ
IDF တပ်ဖွဲ့များက ဖယ်ရှားလိုက်ကြောင်း အကြမ်း ဖက်အဖွဲ့က နိုဝင်ဘာ ၂၇ ရက်၊တနင်္လာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

■   ကာတာ၊ အီဂျစ်၊ အမေရိကန်၊ EU နှင့် စပိန်တို့ သည် အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ရန် လုပ်ဆောင်နေခြင်း

       ကာတာ၊ အီဂျစ်၊ အမေရိကန်၊ EU နှင့် စပိန်တို့
သည် ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးနှင့် ဟားမ
တ်စ်တို့ကြား ယာယီအပစ်အခတ်ရပ်စဲရေးကို သက်
တမ်းတိုးရန် လုပ်ဆောင်နေကြောင်း၊ အရပ်သားသေ
ဆုံးမှု တိုးလာမှုကို ရှောင်ရှားရန် ရေရှည်တည်တံ့
သော အပစ်အခတ်ရပ်စဲရေး တောင်းဆိုပြီးနောက်
လက်ရှိအပစ်အခတ် ရပ်စဲရေးကို “တစ်ရက်၊ နှစ်
ရက်၊ သုံးရက်” သက်တမ်းတိုးနိုင်သည်ဟု ပြောကြား
သော်လည်း မည်မျှကြာမည်ကို မည်သူမျှ မသိဟု
ပြောကြားမှုကို ဂျေရုဆလင်ပို့စ်သတင်းအရ သိရသည်။

■   အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး ဓားစာခံများကို ရွှေ့ပြောင်းရန် ဟားမတ်စ်စီစဉ်
       နိုဝင်ဘာ ၂၇ ရက်၊ တနင်္လာနေ့တွင် ဓားစာခံများ ပြန်လွှတ်ပေးရန် နှောင့်နှေးမှု ရှိနေခဲ့သော်လည်း ဟားမတ်စ်သည် လက်ရှိအပစ်အခတ်ရပ်စဲရေးအား အသုံးချ၍ နေရာအသီးသီးတွင် သိုဝှက်ထားသည့် ဓားစာခံများကို ရွှေ့ပြောင်းနိုင်ရန် အခွင့်အရေး ဖြစ် သည်ဟုပြောကြားခဲ့ကြောင်း CNN သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြထားသည်။

■   ဟားမတ်စ်သည် အစ္စရေး ဓားစာခံများကို ဖမ်း ဆီးထားသည့် အခြားအုပ်စုများကို ဓားစာခံများရယူရန် ဖိအားပေးလျှက်ရှိ

       ဟားမတ်စ်အဖွဲ့သည် ဂါဇာရှိ အခြားအကြမ်း ဖက်အဖွဲ့များနှင့် အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခေါ်ဆောင်သွားသော အစ္စရေး ဓားစာခံများကို လွှဲပေးရန် အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးမှုများ ပြု လုပ်နေပြီး၊ လက်ရှိတွင် ဖမ်းဆီးထိမ်းသိမ်းထားသည့်
ဟားမတ်စ် မဟုတ်သော အခြားအဖွဲ့များလည်း ရှိနေ
သည်ဟု သိရကြောင်း၊ ဟားမတ်စ်သည် ၎င်း၏ ဓား စာခံများကို ရှာဖွေနေသော်လည်း အစ္စရေး၏လေ ကြောင်းတိုက်ခိုက်မှုကြောင့် အဖွဲ့၏ ဆက်သွယ်မှု စနစ် ပျက်ပြားသွားခဲ့ရာမှ အဖွဲ့အတွင်း ချိတ်ဆက်
ရှာဖွေရန် ခက်နေကြောင်းသိရသည်။

     ဟားမတ်စ်အကြမ်းဖက်အဖွဲ့မှ အစ္စရေးနှင့် လက် ရှိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်အတွက် ဓားစာခံများလွတ်မြောက်ရေး လုပ်ဆောင်
ဖို့ စိတ်အားထက်သန်နေကြောင်း၊ လက်ရှိ သဘောတူ
ညီချက်ကို ဦးဆောင်ဆွေးနွေး ပါဝင်ခဲ့တဲ့ ကာတာ
ဝန်ကြီးချုပ် Mohammed bin Abdulrahman Al-
Thani က “(ဟားမတ်စ်)မှ အမျိုးသမီးနဲ့ ကလေး
တွေကို ထပ်လောင်းရရင် သက်တမ်းတိုးခွင့် ရှိလိမ့်
မယ်” ဟု Financial Times ကို ပြောကြားကြောင်း၊
ဟားမတ်စ်၏ ရည်ရွယ်ချက်မှာ တိုက်ပွဲများ ခေတ္တ
ရပ်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး ကျန်ပျောက်ဆုံးနေသူ
များကို ရှာဖွေရန်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက် ဂျေရုဆလင်ပို့စ်သတင်းအရ သိရှိရသည်။

■   Smotrich ၏ အရေးပေါ် အသုံးစရိတ်ကြောင့်
အစ္စရေးစစ်အစိုးရ အခက်အခဲရှိနေခြင်း

      ဝန်ကြီး Benny Gantz နှင့် နီးစပ်သောသတင်း
ရင်းမြစ်များက ဘဏ္ဏာရေးဝန်ကြီး Smotrich ၏
စစ်အတွင်း ဘတ်ဂျက်သည် “အစ္စရေး အများစုက
မျက်စိကျလာသလိုမျိုး” ဟု ဆိုထားပြီး၊ Gantz နှင့် ၎င်း၏ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ခွဲတို့
သည် အဆိုပြုထားသော စစ်အတွင်း ဘတ်ဂျက်
အတွက် အကြံပြုထားသော အပြောင်းအလဲများကို
ပယ်ဖျက်ရန် တောင်းဆိုချက်ဖြင့် အစ္စရေး၏ စစ်ပွဲ
အတွင်း အစိုးရကို အကျပ်အတည်း ဖြစ်စေမည်ဟု
ခြိမ်းခြောက်ထားကြောင်း၊ အစိုးရသည် ဘဏ္ဍာရေး
ဝန်ကြီး Bezalel Smotrich ၏ ဘတ်ဂျက် အစီ
အစဉ်ကို တနင်္လာနေ့ နှောင်းပိုင်းတွင် ပြန်လည်သုံး
သပ်ရန် စီစဉ်ထားကြောင်း၊ Gantz မှတင်ပြသော
အငြင်းပွားမှုအချို့တွင် စစ်ရေးဘတ်ဂျက်အတွက်
ရှက်ကယ် သန်း ၄၀၀ မှ ရှက်ကယ် သန်း ၅၀၀ အထိ
တိုးမြှင့်မှုများ ပါဝင်ကြောင်း၊ Smotrich ၏ ဘာသာ
ရေး ဇီယွန်နစ်ပါတီရှိ MK မှ Orit Struck ၏
National Missions Ministry အတွက် ဖယ်ထား
ရန်ဟု ဆိုသော်လည်း ဝန်ကြီးဌာန ဆောင်ရွက်မှုကို
ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရပါ သည်။

       Gantz သည် တနင်္ဂနွေနေ့ညတွင် ဝန်ကြီးချုပ်
Benjamin Netanyahuထံ စာတစ်စောင်ပေးပို့ခဲ့
ပြီး အစီအစဉ်များ ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
“နိုဝင်ဘာ ၂၃ ရက် ဆွေးနွေးပွဲမှာ အတိုင်း ကျွန်တော့်
ရဲ့ အဖွဲ့ခွဲတွေက စစ်နဲ့မသက်ဆိုင်တဲ့ ကြိုးပမ်းမှုတွေ
အတွက် ရန်ပုံငွေ ပြောင်းရွှေ့မယ့် အစီအစဉ်တွေကို
ကန့်ကွက်မဲပေးမှာပါ” ဟု ၎င်းက ရေးသားထားပြီး
“ဒီအစီအမံတွေက အစ္စရေးရဲ့ ခံနိုင်ရည်ရှိမှု ပြည်သူတွေကြား စည်းလုံးမှုကို ထိခိုက်လိမ့်မယ်”ဟု Gantz က ထပ်လောင်းပြောကြားခဲ့သည်။

      ဝန်ကြီးချုပ် နေတန်ညာဟုသည် အစိုးရ အဖွဲ့
အစည်းအဝေးတွင် Smotrich ၏ အစီအစဉ်များကို
တွန်းအားပေးရန် အစိုးရ၏ ရည်ရွယ်ချက်ကို အ
တည်ပြုကြောင်း တနင်္လာနေ့ညတွင် ထုတ်ပြန်ခဲ့ပြီး Gantz သဘောမတူသော်လည်း နေတန်ညာဟု၏
အစိုးရသည် Gantz သို့မဟုတ် အခြားဝန်ကြီးများ
ပံ့ပိုးကူညီမှု မလိုအပ်ဘဲ Smotrich၏ စစ်ဘတ်
ဂျက်ကို ကျော်ဖြတ်ရန် ထောက်ခံမှုအများစု ရှိနေ
သေးကြောင်း စသဖြင့် နိုဝင်ဘာ ၂၇ ရက်၊ ဂျေရုဆလင်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

■   ဂါဇာကမ်းမြှောင်ကကလေးတွေကို လူမှုဝန် ထမ်းများမှ စစ်ဆေးခွင့်ပြုဖို့ တွန်းအားပေး

        ဂါဇာနယ်စပ်ဒေသတွင်ရှိ ကလေးများကို စုံစမ်း
စစ်ဆေးရန် ဖြစ်နိုင်ခြေရှိသည့် ဥပဒေ စာချွန်လွှာအား အစ္စရေး တရားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်သည်။ ယနေ့အထိ အကြမ်းဖက်အမျိုးအစား ရာဇဝတ်မှုများနှင့်ပတ်သက်၍ အသက် ၁၄ နှစ်အထိ ကလေးများကို စုံစမ်းစစ်ဆေးရန် အရည်အချင်းပြည့်မီသော ရဲစုံစမ်းစစ်ဆေးရေးမှူး တစ်ဦးသာ ရှိသေးကြောင်း၊ ဟားမတ်စ်များ၏ ရက်စက်ကြမ်းကြုတ်မှု ပုံရိပ်များနှင့် ထိတွေ့ခဲ့သည့် ဂါဇာနယ်စပ်ဒေသနှင့် တောင်ပိုင်းမှ ကလေးသူငယ်များကို စုံစမ်းစစ်ဆေးရန် လိုအပ်နေကြောင်း၊ ယင်းအတွက် ကလေးသူငယ်ဆိုင်ရာ လူမှုဝန်ထမ်းများကို စုံစမ်းစစ်ဆေးခွင့်ပြုဖို့အတွက် ဝန်ကြီးဌာနက ဥပဒေကို ပြောင်းလဲရန်
ကြိုးပမ်းနေကြောင်း BINI ASHKENAZI/WALLA သတင်းကို ဂျေရုဆလင်ပို့စ်မှ ဖော်ပြထားသည်။

■   အစ္စရေး ဓားစာခံ Margalit Moses ကို ဆေးရုံမှ လွှတ်ပေးခဲ့ခြင်း

       အသက် ၇၈ နှစ်အရွယ် Margalit Moses
သည် ဓါးစာခံအဖြစ် ဟားမတ်စ်တို့က ဖမ်းဆီးထိန်း သိမ်းထားပြီး ကင်ဆာရောဂါဖြင့် ဆေးကုသမှု ခံယူ
နေခဲ့ရာမှ တနင်္လာနေ့ နံနက်တွင် Wolfson ဆေး
ဘက်ဆိုင်ရာ စင်တာမှ ပြန်လည် လွတ်မြောက်လာခဲ့
ကြောင်း ထုတ်ပြန်ခဲ့မှုကို ဂျေရုဆလင်ပို့စ်သတင်း
အရ သိရသည်။

■   Elon Musk အစ္စရေးသို့ ရောက်ရှိပြီး နေတန်ညာဟုနှင့်အတူ ဟားမတ်စ်တို့တိုက်ခိုက်ခဲ့သည့် နေရာများသို့ သွားရောက်ကြည့်ရှု့ခဲ့ခြင်း


      ဝန်ကြီးချုပ် Benjamin Netanyahu သည် နိုဝင်ဘာ ၂၇ ရက်၊ တနင်္လာနေ့တွင် အစ္စရေးသို့ ရောက်ရှိလာသော Elon Musk နှင့်အတူ အောက် တိုဘာ ၇ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် နေရာများသို့ သွားရောက်၍ တာဝန်ရှိသူများမှ အစ္စရေးမြေပေါ်တွင် အကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ် ဗီဒီယိုဖိုင်နှင့် မြေပြင်အခြေအနေတို့ကို Musk အား ရှင်းလင်း ပြသခဲ့ကြောင်း၊ Musk က ထောက်ခံပြီး စိန်ခေါ်မှုတစ်ခုမှာ “လူတွေကို သတ်ဖြတ်ဖို့ ဆွဲဆောင်နေတဲ့ ဝါဒဖြန့်မှုတွေကို အဆုံးစွန်ဆုံး ရပ်တန့်လိုက်တာပါပဲ။” ဟု ပြောဆိုခဲ့ကြောင်း၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တိုက်ရိုက်အွန်လိုင်းစကားပြောခန်းတစ်ခုတွင် ဟားမတ်စ်ကို ဖျက်ဆီးပစ်ရမည်ဟု ပြောကြားသည်ကို ကြားသိပြီးနောက် Musk က “ရွေးချယ်စရာမရှိဘူး” ဟု ပြောကြားခဲ့ကြောင်း၊ နေတန်ညာဟု နှင့် Musk တို့သည် နောက်ပိုင်းတွင် X တွင် တိုက်ရိုက်စကားပြောဆိုခဲ့ကာ ဉာဏ်ရည်တု၏ လုံခြုံရေးဆိုင် ရာ ကဏ္ဍများ ဆွေးနွေးပြီး တိုက်ရိုက်အွန်လိုင်းဆွေး နွေးမှု တစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်း နေတန်ယာဟုရုံးက ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနနှင့် ဂျေရုဆလင်ပို့စ်တို့မှ ဖော်ပြထားသည်။

■   အစ္စရေး-ဟားမတ်စ်အရေးကိစ္စ လုံခြုံရေးကောင်စီအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး အမေရိကန်သို့ သွားရောက်မည်

        အစ္စရေး-ဟားမတ်စ်အရေးကိစ္စနှင့် ပတ်သက်
သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး
ကို တက်ရောက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီ
Wang Yi သည် နိုဝင်ဘာ ၂၉ ရက်တွင် နယူးယောက်မြို့သို့ သွားရောက်မည်ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း၊” ဒီအစည်းအဝေးကို ဦးဆောင်ကျင်းပခြင်းအားဖြင့် အပစ်အခတ်ရပ်စဲရေးကို အကောင် အထည် ဖော်နိုင်ဖို့ ကျွန်တော်တို့ဘက်က တတ်စွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောရေးဆိုခွင့် ရှိသူ Wang Wenbin က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းမှ ဖော်ပြထားသည်။

■   ဘာစီလိုနာတွင် ကျင်းပသည့် မြေထဲပင်လယ်သမဂ္ဂဖိုရမ်တွင် ပြောဆိုချက်များ

       ဘာစီလိုနာ၌ ကျင်းပသော မြေထဲပင်လယ်သမဂ္ဂဖိုရမ်တွင် ပါဝင်တက်ရောက်နေသည့် ဂျော်ဒန်နိုင်ငံခြား ရေးဝန်ကြီး Ayman Safadi က ပြည်နယ် နှစ်ခု ဖြေ ရှင်းချက်အတွက် လုပ်ဆောင်ရမည် ဖြစ်ပြီး ယင်းသည် ရက်စက်ကြမ်းကြုတ်သော ရန်စမှုများကို အဆုံးသတ်စေမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့ ကြောင်း သိရသည်။

       စပိန်နိုင်ငံခြားရေး ဝန်ကြီး Jose Manuel
Albares ကလည်း တနင်္လာနေ့ ဖိုရမ်တွင် ပါလက်စ
တိုင်း အာဏာပိုင်အဖွဲ့သည် အရှေ့အလယ်ပိုင်း ငြိမ်း ချမ်းရေးကို ရှာဖွေရန် ဖြစ်နိုင်ပြီး ယုံကြည်လောက်
သော တစ်ခုတည်းသော မိတ်ဖက်ဖြစ်သည်ဟု ပြော
ကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

■   အစ္စရေးနိုင်ငံတွင် ပျက်ဆီးသွားသည့် ပြခန်းကို
ပြန်ဆောက်ရန် ဂျာမနီက ရန်ပုံငွေထောက်ပံ့

ဂျာမနီသမ္မတ Frank Walter Steinheimer
က တနင်္လာနေ့တွင် ပျက်စီးသွားခဲ့သော အစ္စရေး
တောင်ပိုင်းရှိ Kibbutz သို့ သွားရောက်လည်ပတ်စဉ်
ဂျာမဏီနိုင်ငံ Bundestag သည် Kibbutz Be’eri
၏ အနုပညာပြခန်း ပြန်လည်တည်ဆောက်ရေး
အတွက် ယူရို ၇ သန်း ရန်ပုံငွေ ထောက်ပံ့သွားမည်
ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဂျေရုဆလင်ပို့စ်
သတင်းအရ သိရသည်။

■   အရှေ့ဂျေရုဆလင်မှ NBC သတင်းထောက်ဟောင်းအား အကြမ်းဖက်ရန်လှုံ့ဆော်မှုဖြင့် စွဲချက် တင်

       NBC သတင်းထောက်ဟောင်း Marwat Al-
Azza ကို ဂျေရုဆလင်ခရိုင် ရှေ့နေရုံးက အကြမ်း
ဖက်အဖွဲ့နှင့် အကြမ်းဖက်ရန် လှုံ့ဆော်အားပေး ဖော်
ထုတ်ခြင်းတို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ သူမသည်
လွန်ခဲ့သည့် နှစ်ပတ်ခန့်က အစ္စရေးနိုင်ငံအပေါ်
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုနှင့် ပတ်သက်၍
သူမ၏ ကိုယ်ရေး ကိုယ်တာ Facebook စာမျက်နှာ
တွင် ရေးသားဖော်ပြပြီးနောက် နိုဝင်ဘာ ၁၆ ရက်၊ ကြာသပတေးနေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း နိုဝင် ဘာ ၂၇ ရက် ဂျေရုဆလင်ပို့စ် သတင်းအရ သိရှိရပါသည်။

#PAN