သုဝဏ္ဏဝတီမြို့ ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း အကြမ်း ဖက်သောင်းကြမ်းသူများထောင်ထားသော နင်းမိုင်းကို တပ်မ တော်လုံခြုံရေးအဖွဲ့က သက်မဲ့ပြုလုပ်‌၍ ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့

နိုဝင်ဘာ ၂၈

ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ၊ သုဝဏ္ဏဝတီမြို့ ၊ ကျိုက္ကော်ရပ်ကွက်၊ လင်းရောင်နီဦးစာကြည့်တိုက်ရှေ့ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်တွင် မသင်္ကာဖွယ် ကြွပ်ကြွပ်အိပ် အမဲဖြင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်အား တွေ့ရှိ၍ သက်ဆိုင်ရာသို့ အကြောင်းကြားကာ အဆိုပါမသင်္ကာဖွယ် အထုပ်ကို တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ နင်းမိုင်းဖြစ်ကြောင်း စီစစ်တွေ့ရှိရပါသည်။

အဆိုပါနင်းမိုင်းကို တာဝန်ရှိလုံခြုံရေးအဖွဲ့က သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းသွားကြောင်း သိရှိရပါသည်။

PAN